ဖမ်းမိတဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုအသုံးချမျှားခေါ်ပြီးစစ်ကောင်စီကပစ်ခတ်လို့ ပီဒီအက်ဖ်ငါးဦးကျဆုံး၊ နှစ်ဦး ဒဏ်ရာရ

မတ် ၊ ၂၀

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေ ကျွန်းချောင်းအခြေစိုက်ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ် ဦးကို စစ် ကောင်စီတပ်တွေရဲ့ကင်းပုန်းတွေကဖမ်းဆီးပြီးတခြားတပ်ဖွဲ့ဝင်တွေကိုမျှားခေါ်ကာသတ်ဖြတ်ခဲ့တာကြောင့်ငါးဦးကျဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒေါင်းရင်သွေးပြောက်ကျားတပ်ဖွဲ့(ပခုက္ကူခရိုင်PDF တပ်ရင်း ၁၃)က တပ်ဖွဲ့ဝင်နှစ်ဦးဟာ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်က ရိက္ခာသွားယူရာကနေ စစ် ကောင်စီတပ်ရဲ့ ကင်းပုန်းနဲ့ ရင်ဆိုင်တွေ့ကာ ဖမ်းဆီးခံလိုက်ရပြီး တခြား တပ်ဖွဲ့ဝင်တွေကို ဖုန်းဆက် ခေါ်ခိုင်း ခဲ့တာလို့ ဆိုပါတယ်။ 

တပ်ဖွဲ့ဝင်နှစ်ဦးဖမ်းဆီးခံရတာကို မသိဘဲ လိုက်သွားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်ကိုး ဦးကိုစစ်ကောင်စီတပ်က ပစ် ခတ်ခဲ့တာလို့ ပခုက္ကူခရိုင် တပ်ရင်း(၁၃)က တပ်ရင်းမှူး ဆရာကျားကြီးကDNA ကိုပြောပါတယ်။

“ရာမနဲ့ကလေးတယောက်ကရိက္ခာသွားယူတာ၊(စစ်ကောင်စီ)ကင်းပုန်းနဲ့တွေ့တာ၊ ကလေးတွေကိုဓားစာခံ ပုံစံနဲ့ဖုန်းခေါ်ခိုင်းတာ၊လိုက်သွားတဲ့ကိုးယောက်ထဲကသုံးယောက်သေတယ်။တယောက်ကလည်ပင်းရှုပ်မှန်ပြီးတယောက်ကဗိုက်ကိုရှပ်မှန်တယ် “လို့ သူကပြောပါတယ်။

ဒါ့အပြင်စစ်ကောင်စီတပ်တွေဟာ သူတို့ဖမ်းဆီးထားတဲ့ ရာမ ဆိုတဲ့ တပ်ဖွဲ့ဝင်တဦးနဲ့နောက်ထပ်တဦး စုစုပေါင်း နှစ် ဦးကိုလည်း သတ်ဖြတ်ခဲ့တာကြောင့် မတ်လ ၁၄ ရက် တရက်တည်း တပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး နှစ်ဦးဒဏ် ရာရခဲ့တယ်လို့ ဆရာကျားကြီးကပြောပါတယ်။

 စစ်ကောင်စီတပ်တွေဟာ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ မြို့ပြသပိတ် မှောက်သူတွေကို ဖမ်းဆီးရမိရင် အကူအညီတောင်းဟန်ဆက်သွယ်ခိုင်းကာ တခြားတပ်ဖွဲ့ဝင်တွေကိုလည်း ဖမ်းဆီးလေ့ရှိပါတယ်။ ဒါ့

အပြင် စစ်ကောင်စီထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုလက်နက်၊ ငွေ ကြေးနဲ့ ရိက္ခာလှူဒါန်းမယ့်သူတွေဟန်ဆောင်ပြီး ချိန်းဆိုတဲ့နေရာကိုခေါ်ဆောင်ကာ ဖမ်းဆီးတဲ့ဖြစ်စဉ် အချို့လည်းရန်ကုန်နဲ့မန္တလေးမြို့တွေမှာဖြစ်ပွားခဲ့ပါတယ်။ 

သေဒဏ်ချခံရတဲ့ အင်န်အယ်လ်ဒီကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်(ခ) ဇေယျာသော်ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာဖမ်းဆီးစဉ်က သူ့ရဲ့ အနီးမှာ စစ်ကောင်စီထောက်လှမ်းရေးတွေထည့်သွင်းပြီး ထောက်လှမ်းဖမ်း ဆီးခဲ့တာလို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တွေမှာရေးသားဖူးပါတယ်။