သင်္ကြန်မှာ အလွန်အကျူး မပျော်ပါးကြဖို့ တော်လှန်ရေးအဖွဲ့တွေမေတ္တာရပ်ခံ

မတ်၊ ၁၇

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတဝန်း စစ်ကြောင်းထိုး၊မီးရှို့မှုတွေနဲ့ဖမ်းဆီးသတ်ဖြတ်တွေကျုးလွန်နေလို့ ဒုက္ခ ရင်ဆိုင်နေရသူတွေကို ငဲ့ညှာတဲ့အနေနဲ့ သင်္ကြန်ကာလမှာ အလွန်အကျူး မပျော်ပါးကြဖို့ ရန်ကုန်မြို့ပြပြောက် ကျားအဖွဲ့တွေက မေတ္တာရပ်ခံတောင်းဆိုကြပါတယ်။

“တတိုင်းပြည်လုံး စိတ်ဆင်းရဲနေချိန်၊အတော်များများ အိမ်မဲ့ယာမဲ့ မတရားသတ်ဖြတ်ခံရနေချိန်မှာ ဝမ်းမနည်း ရင် တောင်မှ အရမ်းတွေမပျော်ဖို့ပျော်မပြဖို့မေတ္တာရပ်ခံချင်ပါတယ်၊တနိုင်ငံထဲမှာဖြစ်နေတဲ့ကိစ္စဖြစ်တာကြောင့် ကိုယ် ချင်းစာတရားနဲ့ ငြိမ်ငြိမ်လေးနေပေးစေချင်ပါတယ်၊တော်လှန်ရေးထဲ ဝင်မပါရင်တောင်မှ လူသားချင်း စာနာတဲ့ အနေနဲ့ ငြိမ်သက်ပေးပါလို့ တောင်းဆိုချင်ပါတယ်”လို့ Yangon UG Association တာဝန်ခံ ဆရာကျောင်းက ပြော ပါတယ်။

အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်တဲ့ စစ်ကောင်စီကစီစဉ်တဲ့ ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ ပွဲလမ်းသဘင်တွေကို စစ်အုပ်စုဆန့်ကျင်သူတွေက ပူးပေါင်းပါဝင်မှုမရှိဘဲ နေလေ့ရှိပါတယ်။အာဏာသိမ်းပြီးနောက် ကျရောက်ခဲ့တဲ့ သ င်္ကြန်ကာလနှစ်နှစ်လုံးမှာ အရင်လို စည်စည်ကားကားမရှိခဲ့ဘူးလို့ ရန်ကုန်မြို့ခံတွေကပြောကြပါတယ်။

ဒါပေမယ့် စစ်ကောင်စီကတော့ ဈေးရောင်းပွဲတော်တွေ၊ပုံမှန်မဟုတ်တဲ့ ဖျော်ဖြေရေးပွဲတွေနဲ့ လူထုကိုဆွဲဆောင် စည်းရုံးနိုင်ဖို့ ကြိုးပမ်းလေ့ရှိသလို ဒီနှစ် သင်္ကြန်ကိုလည်း အရင်နှစစ်တွေထက် စည်ကားဖို့ ရည်ရွယ်လုပ်ဆောင် တာတွေရှိနေပါတယ်။

နှစ်စဉ် ရန်ကုန် သင်္ကြန် ဗဟိုမဏ္ဍပ်ကို ရန်ကုန်မြို့လယ်က မြို့တော်ခန်းမမှာဆောက်လုပ်ခဲ့ရာက ဒီနှစ်မှာတော့ ပြည်သူ့ဥယျာဉ်နဲ့ ပြည်သူ့ရင်ပြင်အတွင်း ဆောက်လုပ်သွားမှာဖြစ်သလို  စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာ ရေကစား မဏ္ဍပ်တွေလည်း ဆောက်လုပ်သွားဖို့ရှိနေတယ်လို့သိရပါတယ်။

ဒါ့အပြင် ပုဂ္ဂလိက ဖျော်ဖြေရေး မဏ္ဍပ်တွေ ဆောက်လုပ်ကြဖို့လည်း မဏ္ဍပ် ကန်ထရိုက်တွေကို လိုက်လံဆက် သွယ်စည်းရုံးနေပြီး  စီးပွားရေးအရ တွက်ခြေမကိုက်နိုင်မှုနဲ့ လုံခြုံရေးစိုးရိမ်ရတာတွေကြောင့် ကန်ထရိုက် အများစု ကတော့ လက်ရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် စစ်အုပ်စုနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေကတော့ ဖျော်ဖြေရေးမဏ္ဍပ်တွေ တည်ဆောက်ဖို့စီစဉ်နေသလို ပြည်တွင်း၊ပြည်ပ ဖျော်ဖြေရေးအဖွဲ့တွေကိုလည်း ခေါ်ယူထားတယ်လို့ တော်လှန်ရေး အင်အားစုတွေက ထုတ်ဖော် ပြောဆိုမှုတွေရှိနေပါတယ်။

အဲ့ဒီဖျော်ဖြေရေးအဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ လူထုကိုအာရုံပြောင်းဖို့ ကြိုးစားထားတဲ့ သင်္ကြန်ပွဲတော်မှာ ပါဝင် ဖျော်ဖြေတာ မလုပ်ကြဖို့နဲ့ သတိပေးတဲ့ကြားဆက်လက်လုပ်ဆောင်ပါက စစ်ကောင်စီဘက်တော်သားအဖြစ် သတ် မှတ်ပြီး အရေးယူမှုတွေလုပ်သွားမယ်လို့ Dark Shwdow (Yangon UG)အဖွဲ့ကလည်း ထုတ်ပြန်ထား ပါတယ်။

ဒါပေမယ့် လက်ရှိစစ်ကောင်စီရဲ့ အာဏာသိမ်းမှုကာလအတွင်းမှာ ပြည်သူတွေဟာ လူမှုရေး၊စီးပွားရေး၊ ပညာ ရေး အစရှိတဲ့ အခန်းကဏ္ဍတွေမှာ အခက်အခဲတွေ၊စိတ်မွန်းကျပ်မှုတွေကို ခံစားနေရပြီး စိတ်ထွက်ပေါက်အနေနဲ့ သ င်္ကြန်ကာလအတွင်း အလှူပွဲတွေ၊တရားစခန်းတွေနဲ့ ကလေးငယ်တွေရဲ့ ရေကစားမှုတွေကိုတော့ အပြစ်မတင် သင့်ဘူးလို့ ရန်ကုန်မြို့ခံ ပြည်သူတချို့ကပြောပါတယ်။

 “ပြည်သူတွေမှာလည်း စစ်ကောင်စီကပေးတဲ့ လူမှုရေး၊စီးပွားရေးနဲ့ပညာရေးအစစအရာရာ စိတ်ဖိစီးတာ တွေရှိ တယ်၊ဒါတွေကိုလည်း အရမ်းကြီးပျော်ဖို့မဟုတ်ပေမယ့် အလှူပွဲတွေ၊တရားစခန်းတွေ၊နောက် ကလေးငယ်တွေ ပေါ့၊ရေဆော့တာမျိုးလောက်နဲ့တော့ ဒီစိတ်ဖိစီးမှုတွေကို ကုစားစေချင်တယ်”လို့ လှိုင်မြို့နယ်မှာနေထိုင်သူတဦး ကပြောပါတယ်။