ခင်ဦးမှာ စစ်ကြောင်းဝင်လာလို့ ရွာပေါင်း၈ရွာက လူပေါင်း ကိုးထောင်ကျော် စစ်ရှောင်ရပြန်

မတ်၊ ၁၇

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေဟာ အင်အားအများအပြားနဲ့စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့်  ဒီကနေ့ မတ်လ ၁၇ ရက်နေ့မနက်ပိုင်းမှာ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။

စစ်ကြောင်းဝင်လာတာကြောင့် အင်းပတ်၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံ၊ဆည်ကြီး။ ကျီးအိုင်။ သဲကြီးကုန်း၊ မရမ်းအင်း၊ ကုန်းသာစတဲ့ ရွာပေါင်း ၈ရွာက ဒေသခံ ၉၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ခင်ဦးမြို့နယ်ထဲမှာတော့ အခုနှစ်အစောပိုင်းမှာတင် စစ်တပ်စစ်ကြောင်းထိုးမီးရှို့မှုတွေကြားဒေသခံ တသောင်းခွဲလောက်ဟာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ခင်ဦးသတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။