တိုက်ပွဲတွေကြားက လူထုသပိတ်လှုပ်ရှားမှုများ

မတ်၊ ၁၆

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန် တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှု တွေလည်း နိုင် ငံအနှံ့မှာ ဆက်ရှိနေပါတယ်။

ဒီကနေ့ရန်ကုန်မြို့မှာ ဗကသကျောင်းသားတွေက စစ်အာဏာရှင်ဆန့်ကျင် ရေးပြောက်ကျားသပိတ် လှုပ်ရှားမှု အဖြစ် စတစ်ကာကမ်ပိန်းလုပ်ခဲ့ကြသလို တနင်္သာရီတိုင်း၊တနင်္သာရီမြို့နယ်မှာတော့ပြည်သူတွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

ပြည်ပမှာတော့ တောင်ကိုရီးယားနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုရှိခဲ့ပါတယ်။

ပြည်တွင်းမှာ လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများ စုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။

ဒီကနေ့စစ်ကိုင်းတိုင်းကလက်ပံတောင်းဒေသ၊အရာတော်၊ဆားလင်းကြီး၊ယင်းမာပင်၊ကလေးမြို့၊ကန့်ဘလူ၊တန့်ဆည်၊ကနီ စတဲ့ ဒေသတွေက သပိတ်အင်အားစုတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုလုပ်ခဲ့ကြပါတယ်။

မကွေးတိုင်းမြိုင်မြို့နယ်မှာလည်း တော်လှန်ရေး အင်အားစုတွေနဲ့ ဒေသခံတွေက စစ်အာဏာရှင်အလိုမ ရှိ ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် သံဃတော်လှန်ရေးအင်အားစုတွေနဲ့ ကျောင်းသားတော်လှန်ရေးအင်အားစုတွေကလည်း လက်ရှိအချိန် အထိ သပိတ်လှုပ်ရှားမှုတွေ လုပ်နေကြဆဲ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင် ကြောင်း ဒေသအသီးသီးမှာ ဒီကနေ့ ထုတ်ဖော်ပြသခဲ့ကြတဲ့ သ ပိတ်လှုပ်ရှားမှု ပုံရိပ်တွေထဲကတချို့ကို DNA က စုစည်းဖော်ပြပေးလိုက်ပါတယ်။


ဓာတ်ပုံ – သပိတ်ကော်မတီများ