မတ်၊ ၁၂
စစ်ကိုင်းတိုင်း၊မင်းကင်းနယ် တောင်တွင်းဒေသ ကကျေးရွာ၁၁ရွာက အိမ်ခြေ၅၀၀၀ကျော်ကဒေသခံတစ်သောင်းခွဲကျော်စစ်ရှောင်နေရပြီး စားသောက်ကုန်နဲ့ ဆေးဝါးပြတ်တောက်မှုဖြစ်နေတယ်လို့သိရပါတယ်။
“သက်ကြီးရွယ်အိုတွေ ထမ်းသယ်ရတာတွေရှိတယ် ။အဖွဲ့အစည်းတွေအနေဖြင့် တောထဲမှာ သွေးအားလေအားနည်းလို့ ဆေးလိုက်ထိုးပေးရတာတွေရှိတယ် ။အစားအသောက် က ပဲကိုအားထားစားနေရတယ် ။ဆီ ၊ဆား၊ ငါးပိ ပြတ်တောက်မှုတွေရှိတယ် “လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့တောင်တွင်း ရွှေသမင်မုဆိုး အဖွဲ့ကပြောပါတယ်။
မင်းကင်းဒေသက ပျားသုံး ၊ လက်ပံတော ၊ ကုန်းမော် ၊ ကျောက်မှော် ၊ ဆိပ်သာ၊ ဝင်ဝ ၊ သစ်ခေါင်တီး ၊ ထုံးကြီး ၊ တပ်ချောင်း ၊စစ်လျှင်ချောင်း ၊ မယ်မဲ၊ ရန်ကင်း စတဲ့ကျေးရွာတွေစစ်ရှောင်နေရတယ်လို့သိရပါတယ်။
တောင်တွင်းဒေသဟာ ကလေးဝဘက်နဲ့ မင်းကင်းဘက်ကို ထွက်မယ်ဆိုရင်ကြားမှာပျူစောထီးရွာတွေ ရှိ နေတာကြောင့် သွားရေးလာရေးခက်ခဲတယ်လို့သိရပါတယ်။
“ ငါးပိ ၁ ပိဿာ ၆၀၀၀ကျပ်၊ ဆား ၁ ပိဿာ ၂၀၀၀ ကျပ်၊ လမ်းပန်းဆက်သွယ်ရေးမကောင်းတော့ တန်ဆာခက ဆိုင်ကယ်နဲ့ဆိုရင် ၁ ပိဿာ ၈၀၀၊ လူဆိုရင် ၁၀၀၀ ကျပ် ပေးရတယ်ဗျ” လို့ ရွှေသမင် မုဆိုးအဖွဲ့ကပြောပါတယ်။
တောင်တွင်းနယ်ကိုစစ်ကောင်စီတပ်တွေကစစ်ကြောင်းထိုးမိးရှို့တာတွေလုပ်နေတာကြောင့် ဖေဖော်ဝါရီ၂၈ရက်နေ့ကနေစတင်ပြီး ဒီကနေ့အထိစစ်ရှောင်နေရပါတယ်။
“လက်ရှိအခြေနေမှာကပြည်သူနဲ့အဖွဲ့အစည်းအတွက်ဆေးဝါးလုံလောက်မှုမရှိဘူး ။စားသောက်ကုန်ကလဲပြတ်သလောက်ဖြစ်နေပြီလို့”လို့သူကဆိုပါတယ်။
လက်ရှိအခြေအနေမှာစစ်ကောင်စီတပ်တွေဟာ လက်နတ်အင်အားဖြည့်တင်ူပြီးမင်းကင်းဘက်ကိုနောက်ကြောင်းပြန်လှည့်သွားတယ်လို့သိရပါတယ်။
တောင်တွင်းချောင်ဒေသက ၃၇ရွာမှာရှိတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်၄ဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ကာကွယ်ရေးဝန်ကြီးဌာနက အသိအမှတ်ပြုမှု မရရှိတဲ့ အတွက်ကူညီမှုလည်း မရှိသလောက် နည်းပါးနေတယ်လို့ဆိုပါတယ်။
ဒါကြောင့် စစ်ကောင်စီတပ်ကို အဖွဲ့စည်းအနေနဲ့ကလည်း ခဲယမ်းအခက်ခဲကြောင့်ထိထိရောက်ရောက်မတိုက်ခိုက်နိုင်ဘူးလို့လည်းပြောပါတယ်။
လက်လုပ်သေနတ် ၊မိုင်းစတဲ့လက်နတ်အင်အားနည်းပါးတာကြောင့်ဒေသကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စိတပ်တွေရဲ့ထိတွေ့တိုက်ပွဲမှာတပ်ဖွဲ့ဝင်တွေကျဆုံးကြရတာတွေရှိနေပါတယ်လို့ဆိုပါတယ်။
ကျောက်မော်၊ ကုန်းမော်၊ လက်ပံတော၊ ထုံးကြီး၊ သစ်ခေါင်းတီးနဲ့ ပျားသုံးရွာတွေဟာပျူစောထိးတွေနဲ့စစ်ကောင်စီတပ်တွေက မိးရှို့ဖျက်ဆီးခံထားရတဲ့ အပြင် အရပ်သားတချို့လည်း သတ်ဖြတ်ခံထားရပါသေးတယ်။အသေးစိတ်အချက်လက်ကိုတော့ DNAအနေနဲ့သီးခြားဖော်ပြနိုင်ခြင်းမရှိသေးပါဘူး။