ပုသိမ်ကြီးက ဆည်တော်ကြီးမြောင်းမှာ ဦးခေါင်းမပါတဲ့ အမျိုးသားရုပ်အလောင်းတွေ့

မတ်၊ ၆

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့ ထဲက ဆည်တော်ကြီးမြောင်းထဲမှာ ဦးခေါင်းမပါတဲ့ အမျိုးသားရုပ်အလောင်း တလောင်းကို မတ်လ ၄ရက်က တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။

“၄ရက်နေ့ ည၇နာရီခွဲလောက်က ချောင်းမကြီးထဲမှာ ခေါင်းမပါတဲ့ ပိုင်ရှင်မဲ့အလောင်းတလောင်း မျောလာတာ တွေ့တယ်။ နောကိ နာရေးအသင်းက လာဆယ်သွားတယ်”လို့ ရွေးစုရွာက ဒေသခံတဦးက DNA ကို ပြောပါတယ်။

ရှင်တော်ကုန်းကျေးရွာနဲ့ ရွေးစုရွာကြားမှာ အလောင်းကို ရွှေကြေးစည်နာရေးကူညီမှုအသင်းက မတ်လ ၅ရက်၊ မနက်ကိုးနာရီမှာ လာရောက်ဆယ်ယူသွားပြီး မန္တလေးဆေးရုံကြီးက ရင်ခွဲရုံကို ပို့လိုက်တယ်လို့လည်း သိရပါတယ်။

“ကျွန်တော်တို့ကို အလောင်းတွေ့လို့ ဒေသခံတွေက ဖုန်းဆက်တယ်။ Dead body ကို သယ်ပြီး မန္တလေးဆေးရုံကြီးက ရင်ခွဲရုံကိုပို့လိုက်တယ်။ သေတာကတော့ ၂ရက် ၃ရက်ရှိနေပြီ။ မည်သူမည်ဝါဆိုတာတော့ မသိရဘူး”လို့ ရွှေကြေးစည် နာမှုကူညီရေးအသင်းက တာဝန်ရှိသူက ပြောပါတယ်။

ဆည်တော်ကြီးမြောင်းဟာ မတ္တရာနယ်ကနေ ပုသိမ်ကြီဘက်ကိုဖောက်လုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ပုသိမ်ကြီးရီပိုတာ