ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၆၇အနီးမှာ ဒီကနေ့မနက်အစောပိုင်းကဖြစ်ခဲ့တဲ့ ခရီးသည် တင်ကား တိမ်း မှောက်မှုအတွင်းသေဆုံးသူတွေထဲမှာ ရိုးရာလက်ဝှေ့မြန်မာပြည်ချန်ပီယံဟောင်း ရွှေဓူဝံလည်းပါဝင် တယ်လို့ ရိုးရာ လက်ဝှေ့အသိုင်းအဝိုင်းနဲ့မြေပြင်ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူတွေဆီကသိရပါတယ်။
အဲ့ဒီယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ပါဝင်လုပ်ဆောင်ခဲ့တဲ့ တောင်ငူပရဟိတ အသင်းတာဝန်ရှိသူတဦးကတော့ ရွှေဓူဝံသေဆုံးမှုနဲ့ပတ်သက်လို့ အတည်ပြုနိုင်ဖို့ မိသားစုကို စောင့်ဆိုင်းနေကြ တယ်လို့DNA ကိုပြောပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၆၇/၆ အနီးမှာ ဒီကနေ့မနက် လေးနာရီဝန်းကျင်က တောင်ကြီး-မြ ဝတီပြေးဆွဲနေတဲ့ ဒို့ညီနောင် ခရီးသည်တင်ကား တိမ်းမှောက်ခဲ့ပြီး စုစုပေါင်း ငါးဦးသေဆုံးခဲ့တယ်လို့ တောင်ငူ ပရ ဟိတအသင်းတာဝန်ရှိသူက ပြောပါတယ်။
ကားမှောက်မှုဖြစ်စဉ်အတွင်း ဒဏ်ရာရသူလည်းအများအပြားရှိပြီး ငါးဦးထက်မနည်းက ဒဏ်ရာပြင်းထန်တယ် လို့ တောင်ငူပရဟိတအသင်း တာဝန်ရှိသူကပြောပါတယ်။ဒဏ်ရာရသူတွေကို ဆွာဆေးရုံကြီး အရေးပေါ်ဌာနနဲ့ ပြင်း ထန်ဒဏ်ရာရသူတွေကို နေပြည်တော်ဆေးရုံကြီးဆီပို့ပေးထားတယ်လို့လည်းသိရပါတယ်။
ဒီကနေ့မနက်အစောပိုင်းတိမ်းမှောက်ခဲ့တဲ့ ဒို့ညီနောင် ခရီးသည်တင်ယာဉ်ဟာ မတ်လ ၃ရက် မနေ့ကညနေပိုင်းမှာ မြဝတီမြို့ကနေထွက်ခွာလာတာဖြစ်တယ်လို့သိရပါတယ်။
Photo – တောင်ငူ ပရဟိတအသင်း