- မနုမနော (ကော်ယော်) တို့ရဲ့ အမျိုးသားနေ့ဟာ နှစ်တစ်နှစ်ရဲ့ ပထမဆုံးလဖြစ်တဲ့ ဇန်နဝါရီလ (၃) ရက်နေ့ ဖြစ်ပါတယ်။ မနုမနော (ကော်ယော်) လူမျိုးစုဟာ ကယား (ကရင်နီ) မျိုးနွယ်စု (၉) မျိုးထဲက မျိုးနွယ်စုတစ်ခုအဖြစ်ပါဝင်ပါတယ်။
- မနုမနော် (ကော်ယော်) မျိုးနွယ်စု အများအပြားဟာ ဖရူဆိုမြို့နယ်၊ တော်ခူကျေးရွာအုပ်စုနဲ့ ဒိုးလာစော ကျေးရွာအုပ်စုတွေမှာ အများစု နေထိုင်ကြပါတယ်။ မနုမနော (ကော်ယော်) မျိုးနွယ်စုတွေရဲ့ အမျိုးသားနေ့ကို ၎င်းတို့ရဲ့ ဘိုးဘွားတို့ ချက်မြှုပ်ရာ မြေဖြစ်တဲ့ ဖွန်ဘော်ခွတ်တောင်ထိပ်မှာ ကျင်းပပြုလုပ်လေ့ရှိပါတယ်။ ဖွန်ဘော်ခွတ်တောင်ဟာ မနုမနော(ကော်ယော်)လူမျိုးတွေရဲ့ အမျိုးသား အမှတ်လက္ခဏာ တစ်ခုဖြစ်ပါတယ်။ အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ဖွန်ဘော်ခွတ်တောင်မှာ ကျင်းပပြုလုပ်ရတာကတော့ — မျိုးနွယ်စုတွေ ပေါင်းစည်းဖို့ ချစ်ကြည်ရင်းနှီးမှုတွေနဲ့ အမြဲ စည်းလုံးနေကြဖို့ ရည်ရွယ်တယ်။
- မနုမနော(ကော်ယော်)လူမျိုးစုတွေဟာ ဖရူဆိုမြို့နယ်အတွင်းမှာ အများဆုံးနေထိုင်ကြပြီး လွိုင်ကော်၊ ဒီမော့ဆို၊ ဖားဆောင်း၊ ဘောလခဲ စတဲ့ နေရာတွေမှာလည်း နေထိုင်ကြပါတယ်။
ကောက်နုတ်ချက်။ ။
ဤအချက်အလက်များကို မနုမနော (ကော်ယော်) လူမျိုးစုတွေရဲ့ အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားမှာ ဖော်ပြထားတဲ့ အချက်အလက်များကို တိုက်ရိုက် ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါတယ်။ အယ်ဒီတာအဖွဲ့၏ အာဘော် မဟုတ်။