မတ်၊ ၂
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ မန္တလေး သပိတ်အင်အားစုအဖွဲ့ဝင် ခြောက်ဆယ်နီးပါးရှိပြီးတနှစ်နီးပါးအထိ အဆက်သွယ်ပြတ်နေသူတွေလည်းရှိတယ်လို့ သပိတ်အင်အားစုအဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။
အရပ်သား အစိုးရအဖွဲ့ဝင်တွေကိုဖမ်းဆီးပြီးစစ်တပ်ကအာဏသိမ်းခဲ့တဲ့နှစ်နှစ်ကျော်ကာလအတွင်းမှာအာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြရင်း ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ မန္တလေး သပိတ်အင်အားစု အဖွဲ့ဝင် နှစ်ဦးနဲ့ဖမ်းဆီးခံရထားသူ ခြောက်ဆယ်ဝန်းကျင်ရှိခဲ့တာပါ။
ဖမ်းဆီးခံရသူတွေထဲက လေးဦးကတော့ ဖမ်းခံရပြီးကတည်းက အဆက်အသွယ်ပြတ်တောက်နေတာဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးသပိတ်အင်အားစု ရဲ့သပိတ်တက်ကြွလှု ပ်ရှားသူတွေဖြစ်ကြတဲ့ ကိုသူရအောင် ၊ ကိုရဲဇင် ထွန်း(ခ)ကိုဖိုးလုံး ၊ ကိုစိုးလင်းအောင် ၊ ကိုလှမျိုးအောင်တို့ လေး ဦးဟာ စစ်အုပ်စုရဲ့ ဖမ်းဆီးခံရပြီးနောက် တနှစ်ကျော်ကြာတဲ့အထိ မိသားစုနဲ့ အဆက်သွယ်ပြတ်တောက်နေတာပါ။
“ကိုသူရအောင် ကိုဖိုးလုံးဆိုတာက မန္တလေး သပိတ် အင်အားစုကို တည်ထောင်ခဲ့တဲ့သူတွေပါ၊မိသားစုနဲ့ တကွ အဖွဲ့သားတွေ အားလုံးက သူတို့ သတင်း ရချင်ကြတယ်၊သူတို့ ရဲ့ ကျန်းမာရေး၊အသက် အန္တရာယ် ကို အရမ်းစိုးရိမ်နေကြပါတယ် ” လို့ သပိတ်အင်အားစု အဖွဲ့ဝင် တဦးကဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၉ ရက်က မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်းက နေအိမ်တအိ မ်မှာ အဲဒီအမျိုးသား လေးဦးလုံးဖမ်းဆီးခံခဲ့ရပြီး လက်ရှိအချိန်အထိ ဘယ်နေရာမှာ ချုပ်နှောင် ထားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
” သူတို့ စစ်ဆေး မေးမြန်း နှိက်စက်ပြီးရင် တော့ မိသားစုနဲ့ အဆက်သွယ်ပေးလုပ်တာမျိုးတော့ လုပ်ပေးသင့်တယ်၊အခုချိန်ထိ အဆက်သွယ် ပေးမလုပ်တာက ဘယ်လောက်တောင် သူတို့ မတရားတွေ နှိက်စက်ယုတ်မာထားလဲဆိုတာ မခန့်မှန်းနိုင်အောင်ပါပဲ ” လို့ မန္တလေး သပိတ်အင် အားစုဝင်တဦးကပြောပါတယ်။
အလာတူးပဲ စစ်အာဏသိမ်းမှုကို ကန့်ကွက် ဆန္ဒပြနေတဲ့ သံဃသမဂ္ဂ(မန္တလေး) အဖွဲ့မှာလည်း စစ်အုပ်စုရဲ့ ဖမ်းဆီးခံထားရတဲ့ သံဃာတပါးတ နှစ်ကျော်ကြာတဲ့အထိ အဆက်သွယ်ပြတ်တောက် နေပြီး ယခုကဲ့သို့ ဖမ်းဆီးခံရပြီး အဆက်အသွယ် မရတဲ့ သံဃာ ၂ ပါးရှိတယ်လို့ ဆိုထားပါတယ်။
မလှိုင်မြို့နယ် ကျောင်းသားသမဂ္ဂ ဗကသများ အဖွဲ့ချူပ် ဥက္ကဌဟောင်းဆိုသူလည်း အမှတ် ၉၉ ခြေမြန်တပ်က ဖမ်းဆီးခဲ့ပြီးနောက် တနှစ်ကျော်ကြာအထိ အဆက်အသွယ်မရဖြစ်နေတယ်လို့ သိရပါတယ်။