တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ February 28, 2023 နိုင်ငံရေး ဖေဖော်ဝါရီ၊ ၂၈ အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ ဒီကနေ့ တောင်ကိုးရီးယားနိုင်ငံရောက်မြန်မာတွေက စစ်အာအာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ရန်ကုန်မြို့က တော်လှန်ရေးအင်အားစုဝင် လူငယ်တွေကလည်း ရန်ကုန်သပိတ်မှာ ပထမဦးဆုံးကျဆုံးခဲ့တဲ့ ပြည်သူလေးဦးရဲ့ပုံပါတဲ့တီရှပ်တွေဝတ်ဆင်ပြီးအမှတ်တရ လှုပ်ရှားမှုတွေလုပ်ခဲ့ပါတယ်။ လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲက ကလေးမြို့၊ မုံရွာ၊ လက်ပံတောင်းဒေသ၊ ချင်းတွင်းဒေသ၊ ယင်းမာပင်၊ ဆားလင်းကြီး စတဲ့ဒေသတွေနဲ့ မကွေးတိုင်း ပခုက္ကူ၊ မြိုင် မြို့နယ်တွေမှာ သပိတ်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် သံဃတော်လှန်ရေးအင်အားစုတွေနဲ့ ကျောင်းသားတော်လှန်ရေးအင်အားစုတွေကလည်း လက်ရှိအချိန်အထိ သပိတ်လှုပ်ရှားမှုတွေ လုပ်နေကြဆဲ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုနဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဒေသအသီးသီးမှာ ဒီကနေ့ ထုတ်ဖော်ပြသခဲ့ကြတဲ့ သပိတ်လှုပ်ရှားမှု ပုံရိပ်တွေထဲက တချို့ကို DNA က စုစည်းဖော်ပြပေးလိုက်ပါတယ်။ Photo – သပိတ်ကော်မတီများ လူထုသပိတ်
နိုင်ငံရေး တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ March 11, 2023 နိုင်ငံရေး မတ်၊၁၁ “ငါမထွက်ဘဲနေလို့ ငါ့လိုလူတွေများနေရင် ဒီမိုကရေစီရမှာမဟုတ်တော့ဘူး” အာဏာသိမ်းကာလအစောပိုင်းက ဒီစကားလုံးတွေကို လူမှုကွန်ရက်ကတဆင့်သိရ၊ကြားရပြီး ဝမ်းနည်း၊ မျက် ရည်ကျခဲ့ဖူးပါသလား။ အဲ့ဒီစကားပြောခဲ့တဲ့ ကိုချစ်မင်းသူကျဆုံးတာ ဒီကနေ့မှာ နှစ်နှစ်ပြည့်ပါပြီ။သွေးစွန်းနေတဲ့ အမည်းရောင် ကျောပိုး အိတ်တလုံး၊သပိတ်စစ်ကြောင်းမှာ အကာအကွယ်ရလိုရငြား အသုံးပြုခဲ့တဲ့ အသုံးအဆောင်တချို့ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ February 16, 2023 နိုင်ငံရေး အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှု တွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ February 3, 2023 နိုင်ငံရေး အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှု တွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ ဒီကနေ့ ပြည်တွင်းမှာသာမက ဗြိတိန်၊ ဂျာမဏီနဲ့ အမေရိကန်ရောက်မြန်မာတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး [ဆက်လက်ဖတ်ရှုရန်]