တောင်တွင်းဒေသကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဖို့ပြင်နေ

ဖေဖော်ဝါရီ၊ ၂၈

စစ်ကိုင်းတိုင်း၊ကလေးဝမြို့နယ်ဘက်ကနေ တောင်တွင်းဒေသဘက်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်း နဲ့ထိုးစစ်ဆင် စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်လို့ ဒေသအခြေစိုက် PDF မင်းကင်းတပ်ရင်း(၅) People Defence Force Taung Dwin-Minkin TDPDF ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။

လက်ရှိမှာ စစ်​ကောင်စီတပ် အင်အား ၃၀၀ဝန်းကျင်စစ်ကြောင်းဟာ ကလေးဝဘက်ကနေ တောင်တွင်းဘက်ကို ကား၊ဆိုင်ကယ်တွေအပြင် ခြေလျင်စစ်ကြောင်းတွေနဲ့ စစ်ကြောင်းထိုးလာနေတယ်လို့ သူကပြောပါတယ်။

ဒါ့အပြင် စစ်ကြောင်းမှာ မိုင်းရှာစက်တွေလည်းပါတာကြောင့် တော်လှန်ရေးအဖွဲ့တွေထောင်ထားတဲ့မိုင်းတွေလည်း အဖော်ခံထားရတယ်လို့ ဆိုပါတယ်။

အခုလို စစ်ကောင်စီစစ်ကြောင်းက အင်အားအလုံးအရင်းနဲ့လာနေတာကြောင့်အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တယ်လို့ TDPDFမင်းကင်းတပ်ရင်း(၅)ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးမယ့်နေရာအနီးတစ်ဝိုက်အပေါ် လေယာဥ်တွေနဲ့ဝဲပျံတာတွေကို သုံးရက် တိုင်တိုင်လုပ်ဆောင်နေတာကြောင့် လေကြောင်းတိုက်ခိုက်မှုလုပ်နိုင်တယ်လို့လည်း ဒေသတော်လှန်ရေး အင်အား စုတွေက သုံးသပ်နေကြပါတယ်။

ဒီအခြေအနေတွေကြောင့် ဒေသခံတွေအနေနဲ့ ဘေးကင်းရာကိုကြိုတင်တိမ်းရှောင်ကြဖို့၊ဗုံးခိုကျင်းတွေ ပြင်ဆင် ထားဖို့ကိုလည်း အသိပေးမှုတွေ လုပ်နေတယ်လို့ TDPDFမင်းကင်းတပ်ရင်း(၅)ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါ တယ်။

“တကယ်လို့တိုက်ပွဲဖြစ်ရင် စစ်ကောင်စီက ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်၊ ရွာမီးရှို့တာတွေကို လုပ်ဆောင် နိုင်တာကြောင့် စိတ်ပူတဲ့အတွက်ကျွန်တော်တို့အနေနဲ့ သတင်းရရချင်းရွှေ့ခိုင်းထားပါတယ်၊သူတို့အနေနဲ့ စခန်း သိမ်းတိုက်ပွဲအထိလုပ်ဆောင်ဖို့အတွင်းသတင်းရထားတယ်၊လေယာဥ်တွေလည်း သုံးနိုင်တာကြောင့် ပြည်သူတွေ အနေနဲ့ဗုံးခိုကျင်းလေးလုပ်ပြီးရှောင်စေချင်တာပေါ့”လို့ သူကဆိုပါတယ်။

လတ်တလောမှာ တောင်တွင်းဒေသကသာစည်၊တိမ်ကုန်း၊ခင်ဦး၊မြင့်ဦး၊ဂုံညှင်း၊ကျောက်တန်းနဲ့အထက်ပိုင်း ကား လမ်းဘေးကရွာတွေအပါအဝင် ရွာပေါင်း ၂၀လောက် အနေနဲ့မဖြစ်မနေတိမ်းရှောင်ကြဖို့လိုမယ်လို့လည်း TDPDF မင်းကင်းတပ်ရင်း(၅)ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။


Photo – TDPDF