ဒီမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားနှစ်ဦးသေ၊ လေးဦးဒဏ်ရာရ

ဖေဖော်ဝါရီ ၊ ၂၈

ကယားပြည်နယ်၊ဒီမော့ဆိုမြို့နယ်တွင်းကစစ်ဘေးရှောင်နဲ့အရပ်သားတွေရှိနေတဲ့နေရာကိုစစ်ကောင်စီတပ်တွေကလက်နက်ကြီးနဲ့ပသ်ခတ် ခဲ့တာကြောင့်ဖေော်ဝါရီလ ၂၇ရက်၊ မနေ့ကအသက် ၇၀ အရွယ် အမျိုးသားတဦးနဲ့ အသက် ၃၀ အရွယ်အမျိုးသမီးတဦးသေဆုံးခဲ့သလို အရပ်သား၄ ဦးထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီရဲ့ဒီမော့ဆိုအထိုင်တပ်ရင်းတွေဖြစ်တဲ့၄၀၂၊၁၀၇နဲ့ဖရူဆိုမြို့တောင်ဘက် အမှတ် ၁၄တန်းမြှင့်စစ်လေ့ကျင့်ရေကျောင်းနဲ့ဘော်လခဲအခြေစိုက်စစ်ဗျူဟာတို့က ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

“စစ်ကောင်စီအထိုင်တပ်ရင်းကမနေ့ည ၇နာရီ၊ ၄၅လောက်ကပစ်နေတာ၊အရှေ့ဖက်ခြမ်းမှာရော၊အနောက်ဖက်ခြမ်းမှာရောစပြီးပစ်တော့ခုနှစ်ကြိမ်လောက်ပစ်တာ၊စစ်ရှောင်တွေနေတဲ့နေရာကိုပစ်တော့ကျသွားရာကနေပေါက်ကွဲပြီးတော့ပြည်သူကတော့ပွဲချင်းပြီးဆုံးတယ်”လို့ဒီမောဆိုမြို့နယ်၊ဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။

သေဆုံးသူဟာအသက် ၃၀အရွယ် အိမ်ထောင်သည်အမျိုူသမီးဖြစ်ပြီးသူ့ရဲ့ ခင်ပွန်းနဲ့ ညီမဖြစ်သူကတော့ ပြင်းထန်တဲ့ဒဏ်ရာရရှိတဲ့အတွက်လုံခြုံတဲ့နေရာမှာဆေးကုသမှုပေးနေတယ်လို့လည်းသိရပါတယ်။

“ဆုံးတဲ့အမျိုးသမီးမှာနှစ်နှစ်သားအရွယ်ကလေးတဦးကျန်တယ်။သူ့အမေကတော့နှလုံးရောဂါဖောက်သွားတယ်။ထိတွေ့တိုက်ပွဲကမရှိပဲနဲ့ကိုပစ်နေတာ”လို့ လည်းအဲဒီတာဝန်ရှိသူကပြောပါတယ်။

ဒါ့အပြင် ဘော်လခဲမြိုံအခြေစိုက်စစ်တပ်ကလည်းဒီမော့ဆိုမြို့အရှေ့ခြမ်းကိုမနေ့ကမွန်းလွဲပိုင်းက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ အသက် ၇၀အရွယ်အမျိုးသားတဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ပ်တယ်။

“တိုက်ပွဲဖြစ်ပွားတာလဲမရှိဘူး။ပြည်သူ့ကာကွယ်ရေးတပ်တွေလဲမရှိဘူး။အဲ့နေရာတွေကအရပ်သားတွေစစ်ရှောင်တွေနေတဲ့နေရာတွေပဲ။အဲ့ဒါကိုလေပေါ်မှာပဲသုံးဆင့်ကွဲတဲ့လက်နက်ကြီးတွေနဲ့ပစ်နေတာ။ဒီလိုမျိုးကလုံးဝမဖြစ်သင့်ဘူး”လို့ဒီမော့ဆိုဒေသခံတဦးကပြောပါတယ်။

အဲ့ဒီ့လိုပစ်ခတ်မှုတွေကြောင့် ထီးပိုးကလိုးရွာ၊ပါဒေါတူရွာတွေကိုဒရုန်းနဲ့ဗုံးကြဲတာတွေ၊လက်နက်ကြီးပစ်ခတ်တာတွေလုပ်ခဲ့လို့ဆံပင်ညှပ်ဆိုင်တဆိုင်ပျက်စီးခဲ့ရတယ်လို့လည်းသိရပါတယ်။

ဖေဖော်ဝါရီ (၂၄) ရက်ကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ပင်လောင်းမြို့နယ်ဒေသခံ အမျိုးသမီး (၁) ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၂၀၂၂ ခုနစ် ၊တနှစ်အတွင်းမှာလည်း ကယားပြည်နယ်(ကရင်နီပြည်နယ်)မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃၈) ဦးထက်မနည်း သေဆုံးခဲ့ပါသေးတယ်လို့ကရင်နီအရပ်ဖတ်အဖွဲ့အစည်းတွေကထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်တနိုင်ငံလုံးမှာစစ်ရှောင် ၁ ဒဿမ ၆သန်းကျော်အနက် ဒီမော့ဆိုမြု့မှာတော့ ၁၂၆, ၀၀၀ ကျော်ရှိပြီးမြို့နယ်အလိုက်အများဆုံးဖြစ်ပါတယ်။