ဖေဖော်ဝါရီ၊ ၂၇
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်ထဲက ဆားတောင်ကြီးပကဖခေါင်းဆောင်မောင်ဆန်း ကိုသေနတ်နဲ့ပစ်ခတ်မှူဖြစ်စဉ်နဲ့ပါတ်သတ်ပြီး ဖမ်းဆီးထားတဲ့ GZအဖွဲ့ဝင်တွေထဲကပြန်လည်လွှတ်ပေးဖို့ဒေသခံတွေကဒီကနေ့တောင်းဆိုလိုက်ပါတယ်။
အဲဒီပစ်ခတ်မှုနဲ့ပတ်သတ်ပြီး NUGရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ လေးဦးကို ထောင်ဒဏ်နှစ်၂၀ထိချမှတ်နိုင်တဲ့၃၀၇/၁၁၄နဲ့တရားစွဲဆိုထားတဲ့အပေါ်ကိုမကျေနပ်တာကြောင့် ဒေသခံ၅၀ကျော်က ဝက်လက်မြို့နယ်၊အရှေ့ပိုင်းကကျေးရွာတရွာမှာ ဆန္ဒပြခဲ့တယ်လို့ပြောပါတယ်။
“အဓိကပြရတဲ့အကြောင်းအရင်းက ဝက်လက်ပကဖ ခေါင်းဆောင်နေမျိုးအောင်နဲ့ တပ်ရင်း၂ခေါင်းဆောင်ဒူချွန်စိုင်းဆိုတဲ့သူက ကလေးတွေကိုအင်အားသုံးပြီးဖမ်းတယ် ။အားလုံးပေါင်း၁၉ယောက်နောက်ဆုံး၄ယောက်ကျန်နေတယ်။သူတို့ကို၃၀၇/၁၁၄နဲ့စွပ်စွဲထားတယ်။အဲဒီပုဒ်မတွေကထောင်ဒဏ်အနှစ်၂၀လောက်ချလို့ရတယ်။အဲ့တာကိုမကျေနပ်လို့ဆန္ဒပြတာ”လို့ဆန္ဒပြပွဲကိုဦးဆောင်သူကိုနေမင်းက DNA ကိုပြောပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီ၁၇ရက်ကဝက်လက်မြို့နယ်၊ဆားတောင်ကြီးကျေးရွာက ပကဖခေါင်းဆောင်တဦးကို ချောင်းမြောင်းပစ်ခတ်မှုဖြစ်စဉ်နဲ့ပါတ်သတ်ပြီးNUG ရဲတပ်ဖွဲ့ကိုအမှုဖွင့်တိုင်ကြားခဲ့ရာGZ Special Task Force ကတပ်ဖွဲ့ဝင်၂၀နီးပါးကို ထိန်းသိမ်းခဲ့ပါတယ်။
သံသယရှိသူတွေကိုစုံစမ်းစစ်ဆေးအပြီးမှာ GZ Special Task Forceကတပ်ဖွဲ့ဝင်တွေရဲ့ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်သူ ၂ ဦး၊ ပူးပေါင်း ပါဝင်သူ ၂ ဦး နှင့် ဦးဆောင် ညွှန်ကြားသူတဦးကို သက်သေ အထောက် အထား ခိုင်ခိုင်မာမာဖော်ထုတ်နိုင်ခဲ့ တယ်လို့ ဝက်လက်မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ကပြောထားပါတယ်။
ဒါပေမယ့် GZအဖွဲ့ခေါင်းဆောင်ကတော့ ထွက်ပြေးတမ်းရှောင်နေတဲ့အတွက် ပုဒ်မ၅၁၂ကပ်ထားတယ်လို့လည်း သိရပါတယ်။
တရားစွဲဆိုမှုနဲ့ပါတ်သတ်ပြီး ကလေးတွေရဲ့ဝန်ခံတယ်ဆိုတဲ့ဖြောင့်ချက်ပေးတာကယုံကြည်လို့မရဘူးလို့ NUG အစိုးရကိုအိတ်ဖွင့်စာပေးတယ်လို့လည်း ဆနဖော်ထုတ်သူတွေကဆိုပါတယ်။
ဒါ့အပြင် ခရိုင်တပ်ရင်း၂ရဲ့ခေါင်းဆောင်ဒူချွန်စိုင်းဆိုသူနဲ့ ပကဖခေါင်းဆောင်နေမျိုးအောင် ဆိုသူတို့ဟာပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်၊ဩဂုတ်လ၃၁ရက်ကဝက်လက်ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထဲတခုဖြစ်တဲ့ဗိုလ်ကျားကြီးအဖွဲ့က ရဲဘော်စိုင်းမောင်မောင်နဲ့ ကိုရန်လင်းထွန်းကို ရွှေညောင်တော်ဘုရားပေါ်မှာ ပစ်သတ်ခဲ့ပြီးအလောင်းဖျောက်ဖျက်ခဲ့တယ်လို့လည်းGZအဖွဲ့ကစွပ်စွဲထားပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပါတ်သတ်ပြီး NUG အစိုးရကိုစုံစမ်းစစ်ဆေးအရေးယူပေးဖို့GZအပါအဝင်လက်နှက်ကိုင်အဖွဲ့စည်း၃၉ဖွဲ့ကဗိုလ်ကျားကြီးဘက်ကနေရပ်တည်ပေးခဲ့တာကြောင့်အငြိုးထားနေတာဖြစ်နိုင်တယ်လို့လည်းသူကဆိုပါတယ် ။
လွန်ခဲ့တဲ့၂လကဆားတောင်ကြီးကျေးရွာက GZတပ်ဖွဲ့ဝင်၁၀ဦးကိုဆားတောင်ကြီးပကဖနဲ့မသင့်မြတ်မှာစိုးရိမ်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အင်အားသုံးဖမ်းဆီးပြီးစခန်းတည်နေရာကိုပြောင်းရွှေ့ခဲ့တယ်လို့လည်းသိရပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သတ်ပြီး NUG အစိုးရရဲ့လက်အောက်ခံရွှေဘိုခရိုင်တပ်ရင်း ၂ ၊ မြို့နယ်ပလဖ နဲ့ ဝက်လက်မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ကိုဒီကနေ့ဆက်သွယ်ခဲ့ပေမယ် အဆက်သွယ်မရရှိခဲ့ပါဘူး။
Photo Ko JK