ဖေဖော်ဝါီရီ၊ ၂၇
အကြမ်းဖက်စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ထွက်ပြေးသွားခဲ့ကြရတဲ့ ရို ဟင်ဂျာ တွေကို အာဏာသိမ်းစစ်ကောင်စီက ပြန်လည်လက်ခံဖို့ လုပ်နေတယ်ဆိုတာဟာ ဟန်ပြသာဖြစ်တယ်လို့ ရခိုင့် တပ်တော်(ULA/AA)ပြောခွင့်ရ ခိုင်သုခကဝေဖန်လိုက်ပါတယ်။
“လက်ရှိစစ်ကောင်စီရဲ့ သူတို့ အုပ်ချုပ်ရေးကို နိုင်ငံတကာက အသိအမှတ်ပြုမှု ရရှိဖို့အတွက် ဟန်ပြလုပ်ဆောင်တဲ့ ခြေလှမ်းတစ်ခုပဲ ဖြစ်တယ်လို့ ကျွန်တော်တို့က မြင်ပါတယ်၊ပြီးတော့ အနှစ်သာရရှိရှိ လုပ်ဆောင်တာမျိုးထက် အ ပြင်ပန်းသဘောတရားအရ လုပ်ဆောင်တဲ့ကိစ္စတခုပဲဖြစ်တယ်လို့ပဲ သုံးသပ်ပါတယ်”လို့ ULA/AA ပြောခွင့်ရ ဦးခိုင် သုခက ပြောဆိုပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၂၇ ရက်မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ULA/AA ရဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီရဲ့ ရိုဟင်ဂျာ တွေပြန်လက်ခံရေး လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ မေးမြန်းမှုအပေါ် ဦးခိုင်သုခက အဲဒီလို ပြောဆိုတာပါ။
ရခိုင်ပြည်နယ်အပါအဝင် FPNCC အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့တွေရဲ့ နယ်မြေတွေက လွှဲလို့ တနိုင်ငံလုံးအတိုင်း အ တာနဲ့ တည်ငြိမ်မှုမရှိ၊ လုံခြုံရေးအရ စိတ်မချရသေးတဲ့အခြေအနေမှာ အခုလို လက်ခံဖို့လုပ်တယ်ဆိုတာဟာ စစ် ကောင်စီရဲ့ နိုင်ငံရေးနောက်ခံစဉ်းစားချက်တွေကြောင့်ဖြစ်တယ်လို့လည်းသူက ဆိုပါတယ်။
တိုင်းပြည်အာဏာကို အရပ်သားအစိုးရဆီကနေ အတင်းလုယူခဲ့တဲ့ အာဏာသိမ်းစစ်တပ်ဟာ အာဏာသိမ်း ချိန်က တည်းက ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံရေး ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားသလို စစ်ကောင်စီရဲ့ ပြည် ထောင်စုဝန်ကြီးတွေကိုယ်တိုင်လည်း ပြန်လည်လက်ခံရေးဆောင်ရွက်ရမယ့် နှစ်နိုင်ငံ နယ်စပ်မောင်တောဒေသကို သွားရောက်တာတွေ ရှိနေခဲ့ပါတယ်။
ဒါပေမယ့် လက်တွေ့မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ ပြန်လည်ဝင်ရောက်ရေးအစီအစဉ် တွေအကောင်အထည်မပေါ်သေးပါဘူး။
အဲ့ဒီလို ပြန်လက်ခံရေးအစီအစဉ်အထမမြောက်တာဟာ တဖက်နိုင်ငံက ပြန်မပို့တာဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလအတွင်း VOA သတင်းဌာနကို ပြောထားပါတယ်။ဒါပေမယ့် ရိုဟင် ဂျာ ဒုက္ခသည်တွေကတော့ ပြည်တွင်းပြန်ဝင်လာရင် အခြေခံအခွင့်အရေးတွေရမယ်ဆိုတဲ့ အာမခံချက်မ ရှိတာ ကြောင့် ပြန်မလာတာလို့ဆိုကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေကို ခရီးသွားလာခွင့်အရင် ကထက် ပိုပြီး တင်းကျပ်ထားသလို ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတဲ့ ရိုဟင်ဂျာတွေကိုလည်း နိုင်ငံတာကူညီရေးအဖွဲ့ တွေရဲ့ အကူအညီ ရယူခွင့် ကန့်သတ်ထားပါသေးတယ်။
ဒါ့အပြင် အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမှာ ဖမ်းမိတဲ့ ရိုဟင်ဂျာ တွေကိုလည်း စစ်ကောင်စီက အရင်ကမ လုပ်ခဲ့ဖူးတဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်မှုတွေ လုပ်နေတယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားနေသူတွေက ဝေဖန် ထောက်ပြထားပါတယ်။
AA ပြောခွင့်ရ ခိုင်သုခရဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီက ကျင်းပမယ်လို့ပြောထားတယ် ရွေး ကောက်ပွဲနဲ့ပတ်သက်လို့လည်း သတင်းထောက်တွေရဲ့မေးမြန်းမှုတွေကို တုံ့ပြန်ဖြေဆိုခဲ့ပါသေးတယ်။
ပြည်သူတွေ ထောက်ခံမှု မရှိတဲ့ ရွေးကောက်ပွဲဟာ တရား၀င်မှာ မဟုတ်သလို ပြည်သူတွေကလည်း ရွေး ကောက်ပွဲကို စိတ်ကုန်နေကြပြီလို့ ခိုင်သုခက ပြောပါတယ်။
ဒါပေမယ့် စစ်ကောင်စီရဲ့ရွေးကောက်ပွဲအပေါ် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းနဲ့ ပက်သက်လို့ကတော့ တိကျတဲ့ မှတ်ချက်မျိုး ပေးမသွားပါဘူး။
“ကျွန်တော်တို့ ULA/AA အနေနဲ့ ပြောရမယ် ဆိုရင်တော့ ဒီရွေးကောက်ပွဲတွေဟာ ရခိုင်ပြည်သူလူထုရဲ့ အခြေခံ ပြဿနာကို ဖြေရှင်းနိုင်တဲ့နည်းလမ်းလို့ ကျွန်တော်တို့ မယူဆတဲ့အတွက်ကြောင့်လည်းပဲ ဒီလို လက်နက်ကိုင် တော်လှန်ရေးကို လုပ်နေတာဖြစ်တယ်”လို့ ခိုင်သုခကဆိုပါတယ်။
Photo – Google
ပုံစာ – အာဏာသိမ်းကာလအတွင်း စစ်ကောင်စီက ဖမ်းဆီးထောင်ချခဲ့တဲ့ ရိုဟင်ဂျာတချို့