နေ့စဉ်လိုလို စစ်ရှောင်နေရတဲ့ ခင်ဦးမှာ ဒေသခံသောင်းချီထွက်ပြေးတိမ်းရှောင်နေရပြန်

ဖေ‌ဖော်၀ါရီ၊ ၂၆

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းတွေကစစ်ကြောင်းထိုးနေတာကြောင့် အခုရက်သတ္တပတ်ထဲမှာတင် ကျေးရွာဒေသခံတွေကနေ့စဉ်လိုလို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့ကစလို့ ဒီကနေ့ ၂၆ ရက်မနက်ပိုင်းအထိ စစ်ကောင်စီအင်တား ၁၀၀ လောက်ဟာ ကျေးရွာတွေအတွင်းစစ်ကြောင်းထိုးပစ်ခတ်ဝင်ရောက်လာတာကြောင့် ခင်ဦးမြို့နယ်အနောက်ခြမ်းက ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းက ဒေသခံတသောင်းကျော်ဟာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိအခြေအနေတွေကြောင့် စစ်ရှောင်တွေအနေနဲ့ စစ်ကြောင်းနဲ့ ၅မိုင်အကွာအဝေးအထိ စစ်ရှောင်ကြဖို့ကိုလည်း ဒေသတွင်းသတင်းတွေကိုထုတ်ပြန်ပေးနေတဲ့ ခင်ဦးသတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။