ဖေဖော်၀ါရီ၊ ၂၆
မြန်မာအရေးနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေက
ဝါရှင်တန်ဒီစီရှိ သမ္မတ အိမ်ဖြူတော်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရှေ့တို့မှာဒေသစံတော်ချိန်ဖေဖော်ဝါရီ ၂၅ ရက်နေ့က တောင်းဆိုလှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြလှုပ်ရှားမှုမှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေက မြန်မာနိုင်ငံမှာ လေယာဉ်မပျံသန်းရဇုန် No Fly Zone သတ်မှတ်ပေးဖို့နဲ့ ၊ စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ လည်းထုတ်ပြန်ထားပါတယ်။
ဆန္ဒပြတောင်းဆိုမှုတွေနဲ့အတူ No Fly Zone သတ်မှတ်ပေးဖို့ သရုပ်ပြအစီအစဉ်တွေကိုလည်းထည့်သွင်းပြုလုပ်ခဲ့ကြပါတယ်။