အရာတော်မှာ စစ်အုပ်ချုပ်ရေးကြေညာပြီး လေကြောင်းတိုက်ခိုက်မှုစတင်

စစ်ကောင်စီကမနေ့က စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့ အရာတော်မြို့နယ်၊တောင်ပိုင်း မလဲသာကျေးရွာနဲ့တဝိုက်ကမလဲသာကုန်းတောဒေသတွေကို Mi35 တိုက်ခိုက်ရေးရဟက်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ 

စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်ကအရာတော်၊ ရွှေဘိုနဲ့ဝက်လက်မြို့တွေကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်တရက် ဒီကနေ့မှာအရာတော်မြို့နယ်ကိုလေကြောင်းကတိုက်ခိုက်လာတာပါ။

“လေကြောင်းပစ်ခတ်မှူကခုနက၂နာရီကျော်လောက်ကလာပစ်သွားတာ။ထောက်ပို့လွှတ်တာလဲ၃ကြိမ်နဲ့တခါကို(၃၀)ဝန်းကျင်ဆိုတော့ရာဂဏာန်းဝန်းကျင်တော့ရှိမယ်။မနေ့ကမင်းရွာမှာနေ့လည်၁နာရီလောက်ကစလုပ်သွားတာ နှစ်ရက်အတွင်း မင်းရွာ ၊ မလဲသာ၊ကန်ရင်း၊ သခွပ်ပင်နဲ့အနီးဝန်းကျင်ကလူဦးရေ တသောင်း‌လောက်စစ်ရှောင်နေရတယ် ။မနေ့တုန်းကမင်းရွာမှာတိုက်ပွဲ၃ကြိမ်ဖြစ်တယ် ။သူတို့မင်းရွာတိုက်ပွဲမှာမိုင်းမိပြီးအထိနာထားတယ်။အဲ့တာကြောင့်လေကြောင်းပစ်ခတ်မှူလုပ်တာဖြစ်နိုင်တယ်”လို့အရာတော်မြို့ကဒေသတွင်းသတင်းတွေကိုဖော်ပြပေးနေတဲ့အရာတော်ပိုစ့်က “ကိုမောင်မောင်က DNA ကိုပြောပါတယ်။

လတ်တလောမှာတိုက်ပွဲအတွင်းထိခိုက်ဆုံးရှုံးမှုအခြေအနေမသိရသေးပါဘူး။စစ်ကောင်စီဟာအရာတော်ဒေသကိုအင်တာနက်လည်းဖြတ်တောက်ထားပါတယ်။

ဒါ့အပြင်နမခကနေတတ်လာတဲ့ထောက်ပို့ယာဉ် Mi17 ရဟတ်ယာဉ်နဲ့ဒီကနေ့ မွန်းလွဲ ၃နာရီ ၂၀အထိ လေးကြိမ်စစ်ကူလာချသွားတယ်လို့လည်းအရာတော်ပို့စ်ကဖော်ပြထားပါတယ်။

ဒါ့ကြောင့်အရာတော်မြို့တွင်းဖြတ်သန်းတဲ့လမ်းမတွေကိုဒီကနေ့တရက်အသုံးမပြုဖို့နဲ့ပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့လေကြောင်းနဲ့မြေပြင်တပ်လှုပ်ရှားမှုတွေကိုသတင်းပေးဖို့လည်း တော်လှန်ရေးအင်အားစုတွေကတောင်းဆိုထားပါတယ်။

ဒါ့အပြင်အရာတော်ဒေသဟာမြင်းမူ၊မုံရွာ၊ဘုတလင်၊ဒီပဲယင်း၊ဝက်လက်ဒေသတွေနဲ့ထိစပ်နေလို့ပြည်သူတွေလမ်းပိုင်းအသုံးပြုမှုရှောင်ရှားဖို့နဲ့စစ်ရှောင်အချင်းချင်းကူညီကြဖို့တိုက်တွန်းထားပါတယ်။

ပျူစောထီးအများအပြားပါဝင်တဲ့စစ်ကောင်စီစစ်ကြောင်းဟာ စစ်ရေးဗျူဟာမကျွမ်းကျင်လို့မနေ့ကအထိအခိုက်အကျအဆုံးများလို့ဒီကနေ့လာတိုက်တယ်လို့လည်းကိုမောင်မောင်ကပြောပါတယ်။

“တိုက်ပွဲ၃ကြိမ်မှာသူတို့အထိနာပြီးပြန်ဆုတ်သွားတယ် ။အဲ့ဒီမှာကျွန်တော်တို့ရှိနိုင်မယ်ထင်တဲ့နေရာတွေကိုလာပစ်တာ။စာသင်ကျောင်းတွေကိုလဲပစ်တယ်။ပြီးတော့ဆုတ်သွားတဲ့စစ်ကြောင်းကိုလည်းရော့ကတ်တွေနဲ့လှမ်းပစ်တယ်”လို့လည်းသူကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာသူတို့စစ်ကြောင်းထိုးအထိနာခဲ့တဲ့သူတို့မစိုးမိုးနိုင်တဲ့နယ်မြေတွေကိုစစ်အုပ်ချုပ်ရေးအဖြစ်ကြေငြာနေတာဖြစ်ပြီးမနေ့ကဇန်နဝါရီ၂၂ရက်နေ့ကရွှေဘို ၊ ဝက်လက်နဲ့အရာတော်မြို့နယ်တွေကိုစစ်အုပ်ချုပ်ရေးအဖြစ်ကြေငြာခဲ့ပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ မြို့နယ်၃၈မြို့နယ်အနက် ဖေဖော်ဝါရီလအတွင်းမှာမြို့နယ်၁၄မြို့နယ်ကို စစ်အုပ်ချုပ်ရေးအဖြစ်ကြေငြာခံခဲ့ရတာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာဒီကနေ့အချိန်ထိစစ်အုပ်ချုပ်ရေးကြေငြာခံရတဲ့မြို့နယ်ပေါင်း၄၇မြို့နယ်ရှိလာပြီဖြစ်ပါတယ်။