ဖေဖော်ဝါရီ၊ ၂၃
မြန်မာဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်လမ်းတွေရိုက်ကူးမှုတွေမှာ တော်လှန်ရေးဇာတ်ကားတွေ အများဆုံး ပါဝင်ရိုက်ကူးလို့ တော်လှန်ရေးမင်းသားကြီးလို့ ပရိသတ်က ချစ်ခင်စွာ သတ်မှတ်ခေါ်ဆိုကြတဲ့ သရုပ်ဆောင်သီဟတင်စိုးရဲ့ နာရေးမြင်ကွင်းတွေ ဖြစ်ပါတယ်။
ဝါရင့်သရုပ်ဆောင်တဦးဖြစ်သလို ဒါရိုက်တာတဦးလည်းဖြစ်တဲ့ သီဟတင်စိုးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ နှလုံးရောဂါနဲ့ သင်္ကန်းကျွန်း စံပြဆေးရုံမှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၅၇ နှစ် ရှိပြီဖြစ်ပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်မှာတော့ ရန်ကုန်မြို့ ရေဝေးသုသာန်မှာ သူရဲ့နောက်ဆုံးခရီးကို မိသားစုဝင်တွေနဲ့ ရုပ်ရှင်အသိုင်းအဝိုင်းက လုပ်ဖော်ကိုင်ဖက်တချို့နဲ့ ပရိသတ်တွေ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။