ပကဖခေါင်းဆောင်တဦးကို ပစ်ခတ်လို့ ဝက်လက်ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဆယ်နီးပါးကို ဖမ်းဆီးစစ် ဆေးနေတာလို့ဆို

 

စစ်ကိုင်းတိုင်း၊ဆားတောင်ကြီး(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)ကဖခေါင်းဆောင်ချောင်းမြောင်းပစ်ခတ်ခံ ရမှုနဲ့ ပတ် သတ်ပြီးသံသယရှိလို့GZ Special Task Force – Wetlet တပ်ဖွဲ့ဝင်နှစ်ဆယ်နီးပါးကို ဖမ်းဆီးစစ်ဆေးနေတာ ဖြစ် တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့(ပလဖ)က ရဲအုပ်အောင်နိုင်က DNAကိုပြောပါတယ်။

ဝက်လက်မြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ GZ Special Task Force – Wetlet က တပ်ဖွဲ့ ဝင်တွေကို NUG လက်အောက်ခံ ရွှေဘို PDF က ဖမ်းဆီးသွားတယ်ဆိုတာနဲ့ ပတ်သက်လို့ DNA က ဆက်သွယ်မေး မြန်းရာမှာ အဲ့ဒီလိုပြောတာပါ။

ဆားတောင်ကြီးပြည်သူ့ကာကွယ်ရေးခေါင်းဆောင်ဟာ ဖေဖော်ဝါရီ ၁၇ရက်က ကင်းစစ်ပြီး ပြန်လာချိန်မှာ ပစ်ခတ် တိုက်ခိုက်ခံရလို့ ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ NUG လက်အောက်ခံ ရဲတပ်ဖွဲ့ဆီအမှုဖွင့်လို့ သံသယရှိ သူ တွေကို ခေါ်ယူစစ်ဆေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ပကဖခေါင်းဆောင်ကဆိုင်ကယ်စီးလာတာဆိုတော့ဘယ်ဘက်တင်ပါးဆုံကနေ ကျည်ဖောက်ထွက်ပြီး ဒူးခေါင်းအ ထက်နားအတွင်းဘက်မှာလာပြီးကျည်ကမှန်သွားတာ ။ဆိုင်ကယ်လဲလေးငါးချက်တော့မှန်တယ် ။ကာဗာတွေလဲ စုတ်ပျက်လို့ သွားတယ်”လို့ ရဲအုပ်အောင်နိုင်ကပြောပါတယ်။

အဲဒီအမှုကိုရာဇသတ်ကြီးပုဒ်မ၃၀၇/၁၁၄နဲ့အမှုဖွင့်ထားပြီး သံသယရှိသူအနေနဲ့သာခေါ်ယူစစ်ဆေးတာတွေ လုပ် နေပြီးတရားခံအနေနဲ့ဖမ်းဆီးထားတာမရှိသေးဘူးလို့လည်းသူကပြောပါတယ်။

အခုလိုဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အများအပြားကို ဖမ်းဆီးစစ်ဆေးနေတာနဲ့ပတ်သက်လို့ GZ Special Task Force-Wetlet က တာဝန်ရှိသူကတော့ သူမရှိတဲ့အချိန် မှာ အကြောင်းမကြားပဲ သူ့ရဲဘော်တွေကို ဖမ်းဆီးသွားတဲ့ အတွက်စိတ်မကောင်းဖြစ်ရကြောင်းနဲ့မဖြစ်သင့်ဘူးလို့ဝေဖန်ပါတယ်။

ဖမ်းဆီးသူတွေထဲက သုံးဦးကိုပြန်လွှတ်ပေးလိုက်တဲ့အကြောင်း ရွှေဘိုပြည်သူ့ရဲတပ်ဖွဲ့က ရဲအုပ်အောင်နိုင်ကရော GZ Special Task Force-Wetlet ဘက်ကရော အတည်ပြုပါတယ်။

“ကျေးရွာပကဖတဦးပစ်ခတ်ခံရမှုမှာကျွန်တော်တို့အဖွဲ့ကိုမသင်္ကာလို့ဖမ်းတာလို့ပြောတယ်။ကျွန်တော်မရှိတဲ့အချိန်မှာကျွန်တော့်ရဲဘော်တွေကိုခုလိုဝင်ရောက်ဖမ်းဆီးတာကတော့မကောင်းပါဘူး ။ဖမ်းပြီးတော့လဲကျွန်တော့်ကို တစုံ တရာအကြောင်းကြားခြင်းမရှိဘူး၊အခုလိုကြီးကတော့မဖြစ်သင့်ပါဘူး။ကလေးတွေကိုသူတို့လိုချင်တဲ့အဖြေတခုရဖို့အတွက်ဖမ်းဆီးချုပ်နှောင်ပြီးစစ်ချင်သလိုစစ်နေကြတာ”လို့ GZ Special Task Force-Wetlet တာဝန်ရှိသူက ပြော ပါတယ်။

 အဲဒီဖြစ်စဉ်တွေနဲပတ်သက်လို့ နှစ်ဘက် ပြောဆိုမှုတွေမှာ ကွဲလွဲချက်တွေလည်း ရှိနေပါတယ်။ ပကဖခေါင်း ဆောင်ပစ်ခတ်ခံရမှုနဲ့ပတ်သက်လို့ သံသယရှိနေတာကြောင့် GZ Special Task Force – Wetlet တပ်ဖွဲ့ဝင်ကို ယာယီသွားလာခွင့်ပိတ်ပင်ထားပေမယ့် စစ်ကိုင်းဘက်ကိုထွက်ပြေးဖို့ သတင်းရတယ်လို့ ရဲအုပ်အောင်နိုင်က ဆိုပါတယ်။

အဲ့ဒီလိုသတင်းရတာကြောင့် တိုက်နယ်ပကဖကို တားဆီးခိုင်းပေမယ့် မအောင်မြင်တာကြောင့် ရွှေဘိုခရိုင် PDF တပ်ရင်း(၂)ကို စေလွှတ်ခဲ့တာဖြစ်တယ်လို့ သူကဆိုပါတယ်။

လက်ရှိစစ်ဆေးချက်တွေအရ ဆားတောင်ကြီး ပကဖခေါင်းဆောင်ပစ်ခတ်ခံရမှုမှာ GZ Special Task Force – Wetlet တပ်ဖွဲ့ဝင်တချို့ပါဝင်ပတ်သက်နေကြောင်း စစ်ဆေးတွေ့ရှိသလို ဝန်ခံထွက်ဆိုချက်တွေလည်းရထား တယ် လို့ ဆိုပါတယ်။

ဒီအခြေအနေတွေကိုတော့ DNA အနေနဲ့ သီးခြား အတည်ပြုနိုင်တာမရှိသလို GZ Special Task Force – Wetlet ဘက်ကလည်း ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ပါဝင်ပတ်သက်မှုရှိမရှိ ပြောဆိုတာမရှိသေးပါဘူး။