ဖေဖော်ဝါရီ ၊ ၂၂
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/ TNLA မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တာအလှော်ဟာ ဖေဖော်ဝါရီ ၂၁ ရက်က ရောဂါနဲ့ ကွယ်လွန်သွား တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
ဗိုလ်မှူးကြီး တားအလှော် (ခ) တားမူစယ်ဟာ ကွယ် လွန်ချိန်မှာ အသက် (၆၄) နှစ်အရွယ်ရှိပြီဖြစ်ကာ တအာင်းလူမျိုးတွေလွတ်မြောက်ရေးတာဝန်ထမ်းဆောင်နေရင်း မနေ့က မနက်ပိုင်းမှာရောဂါနဲ့ ကွယ် လွန်သွားတာဖြစ်ပြီး ဒီကနေ့မှာ စျာပနအခမ်း အနား ပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။
ကွယ်လွန်သွားတဲ့ဗိုလ်မှူးကြီး တားအလှော်(ခ) တားမူစယ်ဟာပလောင်ပြည်နယ်လွတ်မြောက်ရေးတပ် ဦး (PSLF) မှာ ဗဟိုကော်မတီဝင်အဖြစ် တာ ဝန်ယူထားသလို တအာင်း အမျိုးသား လွတ်မြောက် ရေးတပ်မတော် (TNLA) မှာ ဒုတိယ စစ်ဦးစီးချုပ် တာဝန်ယူထားသူလည်းဖြစ်ပါတယ်။
ဗိုလ်မှူးကြီး တားအလှော်ဟာ PSLO/ PSLA လက် ထက် ၁၉၇၉ ခုနှစ်မှာ PSLA ကို စတင်ဝင် ရောက် ခဲ့ပြီး တာဝန်တွေအဆင့်ဆင့်ထမ်းဆောင်ခဲ့သလို PSLF / TNLA အဖြစ် ပြောင်းလဲဖွဲ့စည်းချိန်မှာ ဒုတိ ယဗျူဟာမှူးအဖြစ် စတင်တာဝန်ယူကာ ၂၀၁၉ခု နှစ်ကစလို့ ကွယ်လွန်ချိန်အထိ ဒုတိယ စစ်ဦးစီးချုပ် တာဝန်ယူခဲ့တယ်လို့သိရပါတယ်။
ကွယ်လွန်သွားတဲ့ ဗိုလ်မှူးကြီးတားအလှော်ဟာ စစ်စည်းကမ်းလိုက်နာမှုကောင်းသူတဦးဖြစ်သလို လက်အောက်ခံတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေအပေါ် ငဲ့ညှာတတ်သူတဦးဖြစ်တယ်လို့ TNLA ထိန်းချုပ်ဒေ သ နမ့်ဆန်မြို့နယ် ဒေသခံတဦးကပြောပါတယ်။
” ဦးလေးလည်း ဒီသတင်းကြားရတာ လုံးဝ စိတ်မ ကောင်းပါဘူး၊လူချင်းလည်း ခင်တယ်၊ သိတယ်ဆို တော့လေ၊ဘယ်လို ပြန်ပြောရမယ်ဆိုတာ ဦးလေး အနေနဲ့ စကားလုံး ရှာမရသေးဘူး၊ အရမ်းဝမ်း နည်းတယ်၊သူတို့(TNLA)အဖွဲ့အနေနဲ့ကတော့ ဆုံး ရှုံးမှုကြီး တယ်လို့ ထင်ပါတယ်၊မရှိတော့တဲ့ အတွက် လေ၊TNLA နဲ့ ပတ်သက်တဲ့ စစ်ရေးစစ်ရာအတော် လေး ဆုံးရှုံးမှု၊ အားကြီးများမယ်လို့ ခံစားရတယ်” လို့သူကပြောပါတယ်။