ကျောက်အောင်လို့ ကားတစီးနဲ့ ပန်းခုံ၁၀ခုံ လှူမယ်ဆိုပြီးကျောင်းထိုင်ဆရာတော်ရဲ့ကားကိုခိုးယူ

မန္တလေးတိုင်းဒေသကြီး ၊မတ္တရာမြို့နယ် မှာဖေဖော်ဝါရီ၂၀ရက်နေ့က မိုးညှင်းကျောင်းတိုက်  ဆရာတော်ဥူးဇဝန ပိုင်ဆိုင်တဲ့ကားကိုအမည်မသိအမျိုးသားတစ်ဦးကParadoကားတစ်စီးနဲ့ပန်းခုံ၁၀ခုံလှူမယ်ဆိုပြီးခိုးယူသွားခဲ့တယ်လို့သိရပါတယ်။

ကားခိုးယူသူဟာ ကျောက်အောင်လို့ ပန်းခုံ၁၀ခုံနဲ့ကားလှူမယ်ပြောပြီးဆရာတော်ကားကိုဌားသွားပြီးဆွေမျိုးတွေနဲ့ပန်းခုံတွေသွားယူမယ်လိုဆိုကာဆရာတော်ရဲ့ကားကိုခိုးယူသွားတာဖြစ်ပါတယ်။

“ဖြစ်စဉ်ကတော့ရှည်တယ် သူကတောင်ပြုံးမင်းညီနောင်နတ်နန်းမှာ နတ်ကနားပေးမယ်နတ်နန်းပိုင်ရှင်နဲ့တွေ့ချင်တယ်ဆိုပြီးမချိုနဲ့ကနားပေးမယ့်ရက်ရွေးတာ ပြီးတော့သူတို့ဗေဒင်မေးတဲ့ကျောင်းကမှန်တယ်တမိသားစုလုံးအဲ့မှာဗေဒင်မေးပြီးကျောက်အောင်တာ ဓာတ်ရိုက်ဓာတ်ဆင်လုပ်ပြီး ကားနဲ့ပန်းခုံလှူချင်တယ်ဆိုပြီး မချိုကိုပြောတာ မချိုကနေမှ ကျောင်းကိုလိုက်ပို့တာ ကိုယ့်ဆရာတော်ဆိုပြီး ယုံကြည်မှုနဲ့လိုက်ပို့တာ”လို့ မိုးညှင်းကျောင်းတိုက်ဆရာတော် ဥူးဇဝနက DNAကိုပြောပါတယ်။

မနေ့ကနေ့ခင်း၁၁နာရီကျော်က ဆရာတော်ထံကိုဖုန်းဆက်ပြီး အလှူပစ္စည်းပို့ပေးဖို့ကားမောင်းတဲ့ဘုန်းကြီးနဲ့ကားလွှတ်ပေးပါလို့ပြောခဲ့တာကြောင့်ဆရာတော်ကရဟန်း၂ပါးနဲ့ကားလွှတ်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါဆရာတော်၂ပါးကိုဆွပ်ကပ်မယ်ဆိုပြီးစွယ်တော်ဘုရားမုဒ်ပေါက်ကဆိုင်မှာထားခဲ့ပြီးအဒေါ်တွေကိုသွားခေါ်ရင်း ပစ္စည်းတွေသွားသယ်မယ်ဆိုပြီးကားသော့တောင်းကာ ခိုးယူသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

“ကျွန်မဆီကိုနာမည်အတိအကျနဲ့တွေ့ချင်ပါတယ်ဆိုပြီးအတင်းလာတာ နန်းပေါ်ကိုကန်တော့ပွဲထိုးမယ်ထင်တာ ။သူကဆိုင်းတီးကန်တော့ချင်တာဆိုရက်ရွေးရင်းဗေဒင်မေးတဲ့ကျောင်းကိုကားလှူချင်တာလို့ပြောလာတာဝမ်းတော့သာတာပေါ့လေ။ကိုယ့်ဆရာတော်ဆိုတော့ ဆရာတော်ဖုန်းကိုတောင်းသွားပြီးဖုန်းဆက်တာ”လို့နတ်နန်းပိုင်ရှင်မချိုကပြောပါတယ်။

အခိုးခံရတဲ့ ဆရာတော်ကားဟာ တရားဝင် လိုင်စင် ပြုလုပ်ထားပြီး ကားနံပါတ် 2D/7681 ဖြစ်တယ်ဆရာတော်က မိန့်ကြားပါတယ်။