အိန္ဒိယက မြန်မာစစ်ရှောင်တွေကို ကွင်းဆင်း စစ်ဆေးပြီး စစ်ရှောင်ကတ်ထုတ်ပေးတော့မယ်

အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ်မှာ ခိုလှုံနေကြတဲ့မြန် မာစစ်ဘေးရှောင်တွေကို မဏီရ်ပူပြည်နယ်အစိုးရတာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေးပြီး စစ်ရှောင်ကတ်တွေထုတ်ပေးတော့မယ်လို့ မြန်မာစစ်ဘေးရှောင်တွေဆီကနေသိရပါတယ်။

“အချက်အလက်အနေနဲ့ဆို eye screen ဖတ်တာနဲ့ လက်ဗွေစစ်တာပါ ပါတယ်” လို့ မြန်မာစစ်ရှောင်တဦးကပြောပါတယ်။

စစ်ဆေးရေးလုပ်ငန်းတွေကို ဖေဖော်ဝါရီ ၂၂ ရက်မှာ စတင်ဆောင်ရွက်မှာဖြစ်ပြီး မတ် ၃၁ ရက်မှာပြီးစီးဖို့လျာထားတယ်လို့ DNA ကရရှိထားတဲ့ မဏီရ်ပူအစိုးရ၊တာနိုပါးခရိုင် ရုံးအမိန့်စာအရသိရပါတယ်။

ကွင်းဆင်းစစ်ဆေးတာကို ဌာနဆိုင်ရာတာဝန်ရှိသူ ခြောက်ဦးကဦးဆောင်ပြီးတာနိုပါးခရိုင်နဲ့ မိုရေးမြို့နယ်တွေမှာ ပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း မဏီပူရ်အစိုးရက မြန် မာစစ်ရှောင်ရှစ်ဆယ်ကျော်ကို ဖမ်းဆီးခဲ့အပြီးမှာ မြန်မာစစ်ရှောင်တွေနဲ့ပတ်သက်လို့ NUG က အိန္ဒိယအစိုးရနဲ့ဆွေးနွေးခဲ့သလို မဏီပူရ်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းတွေကလည်း မြန်မာစစ်ဘေးရှောင်တွေကို လက်ခံကူညီဖို့တောင်းဆိုတာတွေရှိခဲ့ပါတယ်။

Burma Refugee Committee Kabaw Valley နဲ့ မဏီပူရ်အရပ်ဘက်အဖွဲ့အစည်းငါးခုက ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရကို  မြန်မာစစ်ရှောင်တွေနဲ့ပတ် သက်ပြီး တောင်းဆိုရာမှာ စစ်ဘေးရှောင်ဒုက္ခသည်အဖြစ်သတ်မှတ်ပေးဖို့ ၊မီဇိုရမ်ပြည်နယ်လိုပဲ ဒုက္ခ သည်အသိမှတ်ပြုကတ်ထုတ်ပေးဖို့၊ဖမ်းထားတဲ့စစ်ဘေးရှောင်တွေ ကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ ဗမာပြည်ကိုပြန်မပို့ဖို့ စတဲ့အချက်လေးချက်ကိုတောင်းဆိုခဲ့တာဖြစ်ပါတယ်။

“ဖမ်းဆီးခံရတဲ့ စစ်ရှောင်ရှစ်ဆယ်ကျော်ကိုNUG ဘက်ကနေ ထောက်ပံ့မှုတချို့လည်း လုပ်ဆောင်ပေးနေတာ မျိူးရှိတယ်” လို့ မြန်မာစစ်ရှောင်တဦးကပြောပါတယ်။