ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊တင်းမရွာအနီးကတပ်စခန်းနား မိုင်းပေါက်ကွဲလို့ စစ်သားနှစ်ဦး သေဆုံးသလို ထိခိုက်ဒဏ်ရာရသွားသူတွေလည်းရှိတယ်လို့ အနီးဝန်းကျင် မျက်မြင်ဒေသခံတွေက DNA ကိုပြောပါတယ်။
“မိုင်းနှစ်လုံးပေါက်တယ်၊နှစ်ယောက်သေတယ်။ အလောင်းတွေ ထမ်းယူသွားတာကို မြင်လိုက်ရတယ်၊ဒဏ်ရာရ တာလည်း တစ်ယောက်၊ နှစ်ယောက် ရှိမယ်ထင်တယ်၊နေဗီနဲ့ တပ်သားတွေ၊ ရိက္ခာတွေ လာပို့တဲ့နေ့မှာ ပေါက် တာပါ၊အသစ်ကောင်တွေက အရင်လူတွေ ထောင်ထားတဲ့မိုင်းကို မသိတာဖြစ်မယ်”လို့ ကိုယ်တိုင်မြင်တွေ့လိုက် ရတဲ့ဒေသခံတဦးက ပြောပါတယ်။
အဲဒီတပ်စခန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်က တပ်သားသစ်တွေရောက်လာပြီးနောက်မှာ မိုင်းပေါက်ကွဲ ခဲ့ တာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီစစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း တိုက်ပွဲတွေဖြစ်ကတည်းကတင်းမရွာအနီးမှာ စ ခန်းချနေထိုင်လာခဲ့ကြတာဖြစ်ပြီး တင်းမရွာသားတွေဟာ စစ်သားတွေကစွပ်စွဲ ဖမ်းဆီးတာ၊ နေအိမ်တွေ မီးရှို့ခံရ တာတွေကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေကြရပါတယ်။
“တင်းမတရွာလုံးမှာ ရှိသမျှ အကုန် ခိုးယူနေတာ အဲဒီစစ်သားတွေက၊ အခုမိုင်းပေါက်တာကလည်း သူတို့ထောင် ခဲ့တဲ့ မိုင်းကို သူတို့ ပြန်နင်းတာ၊အဲဒီနားမှာ သူတို့ပဲ နေနေတာဆိုတော့လေ၊ ရွာသားတွေတောင် အခုထိ ရွာပြန်လို့ မရကြသေးဘူး”လို့ တင်းမဒေသခံတဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း စခန်းချနေထိုင်နေကြတဲ့ စစ်ကောင်စီတပ်စခန်းတွေမှာ သူတို့မိုင်းကို သူတို့ ပြန်နင်းမိလို့ သေဆုံးရတဲ့ဖြစ်စဉ်တွေ မကြာမကြာဖြစ်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာလည်း မင်းပြားမြို့နယ် ပန်း မြောင်း ရွာအနီးမှာ အဲဒီလို မိုင်းပေါက်ကွဲလို့ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ဒ့ါအပြင် ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာလကလည်း ရသေ့တောင်မြို့နယ်မှာ မိုင်းပေါက်ကွဲလို့ စစ်သားတချို့ သေဆုံးခဲ့ ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်း လူနေကျေးရွာတွေအနီးမှာ တပ်စခန်းတွေ ချကာ နေထိုင်နေ ကြ ပြီး အပစ်ရပ်ထားချိန်မှာ လက်နက်၊ ရိက္ခာဖြည့်တင်းတာတွေကိုလည်း ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေ က ပြောကြပါတယ်။