ဒဂုံဆိပ်ကမ်းရပ်ကွက်ရုံးပစ်ခတ်မှုအပြီးကျူးကျော်တဲတွင်နေထိုင်သူလူငယ်သုံးဦးဖမ်းဆီးခံရ

 

ဒဂုံဆိပ်ကမ်းမြို့နယ် ၊၉၄ ရပ်ကွက် ၊ကံကော်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဖေဖော်ဝါရီလ၁၉ရက် မနေ့ကပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီးနောက်၉၃ ရပ်ကွက်ထဲက ကျူးကျော်ရပ်ကွက်မှာနေထိုင်တဲ့လူငယ် သုံးဦးကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီ့ပစ်ခတ်မှုမှာအုပ်ချုပ်ရေးမှူး စစ်ထောက်လှမ်းရေဟာင်း ဦးခင်မောင်ဇင်လွတ်မြောက်ခဲ့ပေမယ့်ရာအိမ်မှူးဦးထွန်းထွန်းဝင်း နဲ့ဦးဝင်းမြင့် သေဆုံးခဲ့ပြီး ရာအိမ်မှူး ဦးမြင့်ဝေ ၊ဦးဖြိုးကိုကို၊ ဒေါ်ခင်ဆွေနဲ့ဆိုင်ကယ်ကယ်ရီမောင်းနှင်းသူ ဦအောင်ဝင်း တို့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

“အေဘလောက်ဖက်မှာညကဧည့်စာရင်းဝင်စစ်တယ်။ ၉၃(ရပ်ကွက်)ဘက်ကကလေးသုံးယောက်ကိုလွန်ခဲ့တဲ့သုံးရက်လောက်ထဲကရောက်နတယ်ဆိုပြီးဒလန်တွေကသတင်းပေးလို့ဖမ်းသွားတယ်။ဘယ်လိုဖမ်းသွားလဲတော့မသိဘူး။အုပ်ချုပ်ရေးမှူးကလွတ်သွားတော့နောက်ပိုင်းဒီကောင်အာဏာပိုပြလာနိုင်တယ်”လို့ ယုဇနဥယျာဥ်မြို့တော်နေပြည်သူတဦးက DNA ကိုပြောပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်မှာလွတ်မြောက်ခဲ့တဲ့အုပ်ချုပ်ရေမှူးဦးခင်မောင်ဇင်ကရပ်ကွက်ထဲကစစ်တပ်လိုလားသူတွေကငွေရေးကြေးရေးနဲ့ရန်ညှိုးရန်စကြောင့်အခုလိုပစ်ခတ်တာလို့သတင်းလွှင့်နေတယ်လို့လဲဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၊အမှတ် ၉၄ ရပ်ကွက်ရုံးကိုဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ် ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်တယ်လို့အတည်ပြုထပေမယ့်အခုဖမ်းဆီးခံထားရတဲ့လူငယ်တွေဟာသူတို့အဖွဲ့အစည်းကဆိုတဲ့အတည်ပြုချက်တော့မရရှိသေးပါဘူး။

ရန်ကုန်မြို့မှာ စစ်ကောင်စီက လူဦးရေစာရင်းစကောက်တဲ့ဇန်နဝါရီလဆန်းကစပြီးရပ်ကွက်ရုံးတွေအပါအဝင်တိုက်ခိုက်မှုတွေပိုများလာသလို ဖမ်းဆီးခံရတာတွေလည်းများပြားနေပါတယ်။