စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်တွေကြားက ကျောက်မျက်တောင်မှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတခုကို ဒေသကာကွယ်ရေးတပ်တွေက ဖေဖော်ဝါရီ (၁၉)ရက် ညပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြပါတယ်။
အခုပုံတွေကတော့ အဲ့ဒီတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ပြီး ပြန်လာတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ပြည်သူတွေက ကြိုဆိုနေကြတဲ့ ပုံရိပ်တွေဖြစ်တယ်လို့ ယင်းမာပင်မြို့နယ် ပြည်သူ့အုပ်ချုပ်အရေးအဖွဲ့က ထုတ်ပြန်လာတဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုများတယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ တပ်ဖွဲ့တွေက ဆိုပြီး၊ နင်းမိုင်း၊ရှေ့ထွက်မိုင်းတွေအပါအဝင် လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ကြပါတယ်။
တိုက်ပွဲဝင် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း တဦးကျဆုံးခဲ့ပြီး တဦးမစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Photo – ယင်းမာပင် ပကဖ