ရေစကြိုက PDF စခန်းစီးနင်းခံရပြီး ဒီကနေ့ မင်္ဂလာဆောင်မယ့်PDF စုံတွဲသတ်ဖြတ်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက တောင်ပိုင်းရေစကြိုပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အခြေပြုကင်းစခန်း စီးနင်း ဖျက်ဆီးခံရသလို ဒီကနေ့ (ဖေဖော်ဝါရီ၁၈ရက်)မှာ တော်လှန်ရေးမင်္ဂလာပွဲကျင်းပမယ့် သတို့သားနဲ့ သတို့သမီးစုံ တွဲကို စစ်တပ်ကဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်သွားတယ်လို့ အဲ့ဒီတပ်ဖွဲ့တာဝန်ခံတဦးက DNA ကိုပြောပါတယ်။

 စစ်ကောင်စီစစ်ကြောင်းဟာ PDF စခန်းကို စီးနင်းတိုက်ခိုက်မှုမလုပ်ခင်မှာ အဲ့ဒီစခန်းနဲ့ တမိုင်လောက်အကွာက သဲတောကျေးရွာကို အရင်စီးနင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။

ဒီကနေ့မှာ မင်္ဂလာပွဲကျင်းပမယ့် PDF စုံတွဲဟာ လည်း မင်္ဂလာပွဲအတွက်ရောက်လာတဲ့ နှစ်ဖက်မိဘတွေ စခန်းမှာ  နေထိုင်ရေးအဆင်မပြေတာကြောင့် ရွာထဲသွားနေရာက စစ်တပ်စစ်ကြောင်းရောက်လာချိန်မှာ ဖမ်းဆီးခံလိုက်ရ တယ်လို့ Southern YSO PDF တာဝန်ခံကပြောပါတယ်။

“ကလေးတွေ မိဘတွေလာတော့ တပ်မှာဆိုတော့ အဆင်မပြေဘူးပေါ့ဗျာ၊နေရေးထိုင်ရေး၊ စားသောက်ရေး၊ ချိုး ရေ အဆင်မပြေတော့၊အင်အား နှစ်ရာ လောက် ပတ်ပတ်လည် ဝန်းရံပြီး ဖမ်းတဲ့အခါမှာ စခန်းကို မတက်လာ ခင်မှာ ကျေးရွာ ဒေသခံ လူထုကို ဖမ်းတာမှာ ရဲဘော် နှစ်ဦးပါတယ်၊ခြောက်နာရီခွဲမှာ ဖမ်းဆီးခံထိတယ်၊ ၁၈ ရက်မှာ မင်္ဂ လာ ဆောင်မယ့်နှစ်ဦး ဖမ်းဆီးခံထိတယ်”လို့ သူကပြောပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာကို ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေ ပါဝင်တဲ့ အင်အား (၂၀၀) နီးပါးက ဝိုင်းဝန်ပိတ်ဆို့ပြီး စစ်ကြောင်းထိုးခဲ့တာပါ။

 

ကျေးရွာထဲ မင်္ဂလာဆောင်ဖို့ ရောက်နေတဲ့ တပ်ဖွဲ့ဝင်စုံတွဲနှစ်ဦးဟာ သေနတ်တလက်၊ ကျည်တချို့နဲ့ အတူ ဖမ်း ဆီးခံရပြီး ရွာသား ဆယ်ဦးနဲ့အတူတောင်ပိုင်းရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို စီးနင်းချိန်မှာ ဓါးစားခံ အဖြစ် ခေါ်ဆောင်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်လာတဲ့ PDF စုံတွဲဟာစစ်ကြောင်းကို မိုင်းတွင်းထဲ ခေါ်လာခဲ့ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က မိုင်းသုံးလုံး၊ ရှေ့ထွက်ပြောင်း သုံးလုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ချိန်မှာ ထွက်ပြေးဖို့ ကြိုးစား ပေ မယ့် မလွတ်မြောက်ဘဲ ဖမ်းဆီးသတ်ဖြတ်ခံရတာဖြစ်တယ်လို့ အဖွဲ့တာဝန်ခံက ပြောပါတယ်။

 “မိုင်းဆွဲပြီးတဲ့အချိန်မှာ ကျွန်တော်တို့ ရဲဘော် နှစ်ဦးက ပြေးတယ်၊သတို့သား ရဲဘော်က သေနတ်နဲ့ ပစ်ခံရတော့ ခြေ သလုံး ပြတ်ထွက်သွားတယ်၊အဲ့နားမှာပဲ ဗုန်းကနဲ လဲသွားတယ်၊သတို့သမီးကလည်း သူ့ခင်ပွန်းလောင်း လဲကျ သွားတဲ့အတွက် မပြေးတော့ဘူး၊ ကိုယ်လွတ်ရုန်းပြေးရင် ရပါရက်နဲ့ သတို့သားအနားကိုပဲ ပြန်သွားတယ်၊ သူတို့ ရိုက် နှက်နှိပ်စက်ခံရပြီးတော့ ဦးနှောက်တွေ ထွက်အောင် ခေါင်းကို သေနတ်နဲ့ ပစ်ပြီးတော့မှ ကင်းစခန်းငယ်မှာပဲ သတ် ပြီးတော့ မီးရှို့သွားတယ်” လို့ Southern YSO PDFအဖွဲ့တာဝန်ခံက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

တောင်ပိုင်းရေစကြိုပြည်သူ့ကာကွယ်ရေးအဖွဲ့ ကင်းစခန်းမီးရှို့ခံရတာကြောင့် ထုတ်လုပ်ရေးပစ္စည်း အမြောက် အများ၊ ဆိုင်ကယ်တွေ၊တပ်ဖွဲ့ဝင်တွေရဲ့အသုံးအဆောင်ပစ္စည်းတွေ၊ဆိုလာ၊ ဘက်ထရီ၊ ရိက္ခာပစ္စည်းတွေ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့အတွက် ကာလတန်ဖိုး သိန်းသုံးရာဝန်းကျင် ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။