ထိုင်းနိုင်ငံမှာဘတ်ငွေတသောင်းလိမ်လည်သွားတဲ့ပွဲစားအားသတ်ဖြတ်ခဲ့တဲ့ မြန်မာလေးဦးဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊စမွတ်ပရကန်ခရိုင်မှာနေထိုင်တဲ့ မြန်မာလူမျိုးပွဲစား ၁ ဦးဖြစ်သည့် ဗိုလ်မိုးဟိန်းအား ဖေဖော်ဝါရီလ ၁၂ရက်ကသတ်ဖြတ်ခဲ့သူ  (၄) ဦးကို မနေ့ကညနေပိုင်းမှာထိုင်းရဲတွေကဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီ့အမျိုးသားဟာ အလုပ်လုပ်လိုတဲ့ မြန်မာရွေ့ပြောင်းလုပ်သား ၄ ဦးဆီက ဘတ် ၁၀၀၀၀ (မြန်မာ ကျပ် ရှစ်သိန်းလေးသောင်းဝန်းကျင်ခနိ့)ရယူပြီး အလုပ်ရှာမပေးခဲ့တဲ့အတွက် သတ်ဖြတ်ခဲ့တာလို့ဖမ်းဆီးရမိသူတွေကထွက်ဆိုခဲ့တယ်လို့လဲရွှေ့ပြောင်းလုပ်သားအရေးကူညီနေသူတွေဆီကတဆင့်သိရပါတယ်။

“သတ်သွားတာကဗမာတွေချည့်ပဲ။ပထမဘယ်မှာမှမမိဘူး။စီစီတီဗီကြည့်၊ပုံတွေဘာညာတိုက်ရင်းလိုက်ကြတော့မနေ့ကမိတာ။ ဆွဲကြိုးတွေဘာတွေယူသွားတော့ပထမကလုယက်မှုပဲထင်တာ။ မိတော့စခန်းမှာအလိမ်ခံရလို့မကျေနပ်ပဲသတ်တာလို့ထွက်တာ”လို့ မြန်မာရွှေ့ပြောင်းရေးကူညီဆောင်ရွက်ပေးနေသူတဦးကDNAကိုပြောပါတယ်။

သေဆုံးသူဟာစမွတ်ပရကန်ခရိုင်၊ ဘန်ပူမြို့နယ်၊ ဘန်ပူနခေါင်လမ်းရှိသူနေတဲ့တိုက်ခန်းမှာပဲရင်ဘတ်မှာထိုးသွင်းဒါဏ်ရာတွေနဲ့သေဆုံးခဲ့တာဖြစ်ပြီးထိုင်းနိုင်ငံတွင် အခြေချနေထိုင်ကာ မြန်မာ နိုင်ငံသားများနှင့် ကမ္ဘောဒီးယားနိုင်ငံသားများအတွက် အလုပ်အကိုင်ရှာဖွေ ပေးနေသည့် ပွဲစားတစ်ဦးဖြစ်တယ်လို့လဲသိရပါတယ်။

အဲ့ဒီ့ပွဲစားကိုသတ်ဖြတ်ခဲ့သူတွေကိုယူဆရသူတွေကိုတော့  လယောင်မြို့တွင် (၂) ဦး၊ ဘန်ဖလီမြို့တွင် (၂) ဦး၊ စုစုပေါင်း (၄) ဦးဖမ်းမိခဲ့တာဖြစ်ပြီးလက်ရှိမှာတော့ ထိုင်းနိုင်ငံဥပဒေအရ အရေးယူရန် ဘန်ပူနယ်မြေရဲစခန်း၌ လူသတ်မှုဖြင့် အမှုဖွင့်လှစ်ထားတယ်လို့လဲသိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ရက်ကလည်းထိုင်းနိုင်ငံတောင်ပိုင်း၊ချွန်းဖွန်းခရိုင်၊ချွန်းဖွန်းမြို့နယ်ကဒူးရင်းခြံတခြံမှာ မြန်မာရွေ့ပြောင်းလုပ်သား၂ဦးဓားဒဏ်ရာတွေနဲ့သေဆုံးတဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။

စစ်အာဏာသိမ်းအပြီး အလုပ်လက်မဲ့နှုန်းတိုးလာတာ၊ ငွေကြေးဖောင်းပွမှုမြင့်မားလာတာကြောင့် မြန်မာလူငယ်တွေဟာ အေးဂျင့်စရိတ်သက်သာတဲ့ထိုင်းနိုင်ငံကို အများအပြားသွားရောက်လုပ်ကိုင်နေကြတာလည်းဖြစ်ပါတယ်။