ထိုင်းနိုင်ငံဒူးရင်းခြံတွင်းသတ်ဖြတ်ခံထားရတဲ့မြန်မာ နှစ်ဦးရဲ့ရုပ်အလောင်းများတွေ့ရှိ

ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင် ချွန်းဖွန်းမြို့နယ်ရှိ ဒူးရင်းသီးခြံထဲမှာ ဖေဖော်ဝါရီ ၁၄ ရက် မနက်က ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ မြန်မာအလုပ်သမားအလောင်း ၂ လောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ပြောကြားချက်တွေအရသိရပါတယ်။

တံဗွန်ဗန်းနာမြို့နယ်၊ဆွမ်ဖွမ်ခရိုင် အိမ်ယာ ၈၊ဗန်နိုင်ငွန်ရွာ က၂၅ဧက ကျယ်ဝန်းတဲ့ဒူးရင်းသီး ခြံအလယ် မတ်စောင့်တဲ့တောင်ခြေရင်း ပျဉ်ထောင်တဲအိမ်ဖြင့် နေထိုင်တဲ့ မြန်မာနိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရတာလို့သိရပြီးတော့ အဲဒီနေ့ကည ၁၀ နာရီလောက်မှာပဲ မွန်ဆွမ်ဖွန် ရဲစခန်းကို အကြောင်းကြားရာကနေသိရှိရတာလို့ဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီ့သေဆုံးမှုဟာပုဂ္ဂိုလ်ရေး အငြင်းပွားမှု မကျေနပ်ချက်လို့ ထိုင်းရဲ ဖက်က ကနဦးယူဆပြီး လူသတ်မှုကို အနည်းဆုံးလူ၂ဦးပူးပေါင်းကြံစည်တယ်လို့ယူဆကြပါတယ်။

ထိုင်းရဲတပ်ဖွဲ့ရဲ့စစ်ဆေးချက်အရဓားနဲ့လည်ပင်းကိုအခက်ပေါင်းများစွာထိုးခုတ်ခံထားရတဲ့ အလောင်း၂လောင်းအနီးကအိတ်တွေပေါ်မှာ သေဆုံးသူတွေရဲ့အလုပ်သမားကတ်တွေ၊ ဘတ်ငွေတွေသွေးစွန်းနေတဲ့ဓားနှစ်လက်ကိုတွေ့ရှိရပါတယ်။

သေဆုံးသူတွေကို ထနွန်ဖေစ်ကစင် လမ်းမကြီးနှင့် ၁၅ ကီလိုမီတာ ကွာဝေးတဲ့နေရာမှာတွေ့ရှိရတာဖြစ်ပြီး သေဆုံးသူတွေဟာ အသက် ၄၈ နှစ်အရွယ် မိုးလေးမောင်နဲ့အသက် ၅၈ နှစ်အရွယ် အမည် မောင်ခင် တို့ဖြစ်တယ်လို့သိရပါတယ်။

အသက် ၄၈ နှစ်အရွယ် မိုးလေးမောင်ဆိုသူကိုတော့ ဦးခေါင်းတွင် ၁၀ စင်တီမီတာ အနက်ရှိသော ထိုးသွင်း ဓားဒဏ်ယာ ၆ ချက် လည်ပင်းနောက်ကျောမှ ပြတ်လုနီးပါး သတ်ဖြတ်ခံထားရတာပါ။

စစ်ဆေးတွေ့ရှိရတဲ့အချက်အလက်တွေနဲ့ CCTVမှတ်တမ်းပေါင်းစပ်ပြီး တရားခံဖမ်းဆီးရမိရေးဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်။

“ကျတော်တို့ကိုထိုင်းအစိုးရနဲ့ဆက်စပ်နေတော့မိသားစုတွေလာအကူအညီတောင်းရင်တော့လုပ်ပေးထားတာပေါ့နော်။အဲ့ကိစ္စကခုထိတော့ကျနော်တို့ရုံးမရောက်သေးဘူး။ပုဂ္ိုလ်ရေးမကျေနပ်လို့သတ်တာလို့တော့သတင်းတွေထွက်နေတယ်ထိုင်းသတင်းတွေမှာလဲပါလာပြီဆိုတောကျတော်တို့ဆီရောက်လာရင်ကူညီမှာပါ”လို့ ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကူညီနေတဲ့ ကိုသားကြီး(ချင်းမိုင်)က DNA ကိုပြောပါတယ်။

 

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၃ ရက်နေ့ကလဲမဟာချိုင်မြို့နယ်ထဲမှာ ဘတ်ရိုက်လုပ်ငန်းလုပ်ကိုင်နေတဲ့မြန်မာလူမျိုးတဦးသတ်ဖြတ်ခံရပြီးသေဆုံးခဲ့တယ်လို့သိရပါတယ်။