ဖေဖော်ဝါရီ ၁၅
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနဲ့ ပုလဲအစပ်မှာ ရဲဘော် ၆ ဦးနဲ့ ပကဖ ၁ ဦး သေဆုံးခဲ့ခြင်းအပေါ် ဒေါင်းနက်ပြောက်ကျားအဖွဲ့က သွေးကြွေးအတွက်ပြန်လည်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သားလေးဦး သေဆုံးခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း၁၀-ဒေါင်းနက်နယ်စည်းမခြားပျောက်ကြားတပ်ဖွဲ့ထံက သိရပါတယ်။
စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့ ဆားလင်းကြီးနဲ့ ပုလဲနယ်အစပ်မှာဖေဖော်ဝါရီ၁၂ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်မှုကြောင့် ရဲဘော် ၆ဦးနဲ့ ပကဖ အဖွဲ့တစ်ဦး ကျဆုံးပြီး ကား၃စီး မီးရှို့ခံခဲ့ရပါတယ်။
“အဲ့ဒီဖြစ်စဉ်နဲ့ပါတ်သတ်ပြီး ဖေဖော်ဝါရီ ၁၃ရက်နေ့က ညနေ ၄နာရီမှာ ပုလဲမြို့ ထွေအုပ်ရုံးအနောက်ဘက် မိုင်ဝက်လောက်အကွာကို ကင်းထောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို မီတာ ၁၀၀ လောက်အကွာအဝေးကနေ မိုင်းဆွဲခဲ့တယ် ၃ ယောက်က ပွဲချင်းပီးသေတယ် တစ်ယောက်ကနောက် ၁ နာရီလောက်မှာသေတယ် ၃ ယောက်ကတော့ လွတ်သွားတယ်လို့” ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ရဲ့တပ်ရင်းမှုး ရဲဘော်ပေက DNA ကို ပြော ပါတယ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ပုလဲနယ်အစပ်မှာ စစ်ကောင်စီတပ်က ဒေါင်းနက်တပ်ရင်းအားခြုံခိုတိုက်ခဲ့ရာ ၇ဦးကျဆုံးခဲ့တာပါ။
PDFအဖွဲ့က ပြန်လှန်ပစ်ခတ်ခဲ့သော်လည်း လက်နက်မမျှတ၍ ဆုံးရှုံးခဲ့ရသည်။ စကစဘက်မှ တစ်ဦးသာ ထိမှန်ဒါဏ်ရာရကြောင်း သိရသည်။
“မကြေသော်လည်း မလဲနိုင်သော်လည်း သွေးကြွေးတောင်းလိုက်ပြီ ရဲဘော်တို့…”လို့လည်း ဒေါင်းနက်နယ်စည်းမခြားပျောက်ကျားတပ်ဖွဲ့က လည်းထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့၁၁ မြိူ့ရှိပြီး ပုလဲနဲ့ဆားလင်းကြီးမြို့နယ်တွေပါဝင်ပါတယ်။
ပုံစာ – ဖေဖော်ဝါ ရီလ ၁၂ ရက်က စစ်ကောင်စီတပ်က ခြုံခိုတိုက်လို့ PDF ကားသုံးစီးပျက်စီးပြီး ခုနှစ်ဦးသေဆုံးခဲ့ပါတယ်။
Photo – ဒေါင်းနက်နယ်စည်းမခြားပျောက်ကြားအဖွဲ့