ရက်အကန့်အသတ် မရှိ ထောင်ဝင်စာပို့ခွင့် ပိတ်ပင်ထားတဲ့ ပုသိမ်ထောင်မှ နိုင်ငံရေးအကျဉ်းသားများ နဲ့ အခြား အကျဉ်းသား တွေရဲ့ မိသားစုဝင်တွေ ထံက ထောင်ဝန်ထမ်းတွေကလိမ် လည် ငွေညှစ် တောင်းယူနေတယ် လို့ကာယကံရှင်မိသားစုတွေကDNAကိုပြောပါတယ်။
ပုသိမ်ထောင် မှာ ဇန်နဝါရီလ ၅ ရက်နေ့ ည က နိုင်ကျဉ်း ကိုဝင်းထွန်းနိုင် အပါအဝင် ၈ ဦးကို ခေါ် ထုတ်ကာ နှိပ်စက် ညှင်းပန်း တဲ့ အတွက် ဇန်နဝါရီလ ၆ ရက်နေ့က အကျဉ်းသား အခွင့်အရေး နဲ့ ပါတ်သက်ပြီး ဆန္ဒပြမှု ဖြစ်ပွားတာကို စစ်ကောင်စီ နဲ့ ထောင်အာဏာပိုင် အဖွဲ့က ထောင်တွင်း အကြမ်းဖက် ဖြိုခွင်းပြီးနောက် ထောင် ဝင်စာပို့ခွင့်ကို ရက်အကန် အ သတ် မရှိ ပိတ်ပင်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ပုသိမ်ထောင်တွင်း အကြမ်းဖက် ဖြိုခွင်းမှုမှာ ဆန္ဒပြ အကျဉ်းသား ၇၂ ဦးကို ဖမ်းဆီးချုပ်နှောင် နေ လှန်း ရိုက်နှက်ခဲ့တာကြောင့် နိုင်ကျဉ်း ကိုဝေယံဖြိုး ဆိုသူ ရိုက်နှက်ခံရတဲ့ နေရာမှာပဲ သေဆုံးခဲ့ရပြိး ကျန်သူအား လုံး ပြင်းထန် ဒဏ်ရာ အများအပြား ရရှိကာ အကျဉ်းထောင် စီးကမ်း ဥပဒေ ပုဒ်မ ၄၂ ဖြင့် အရေးယူခံကြရပါ တယ်။
ထောင်ဝင်စာ မှတ်တမ်းရှိ ထောင်ဝင်စာလာပို့တဲ့ မိသားစုဝင်တွေရဲ့ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ ဖုန်း နံပါတ် တွေ က တဆင့် ဆက်သွယ်ကာ ပုသိမ်အကျဉ်းထောင် ဝန်ထမ်းတွေ က ထောင်ကျ အကျဉ်းသား တွေရဲ့ မိသားစု ဝင် တွေ ထံက လိမ်လည် ငွေညှစ်နေတာ လို့ လွတ်ငြိမ်းနဲ့လွတ်လာသူတွေကပြောပါတယ်။
အကျဉ်းသားတစ်ဦး ရဲ့ မိခင်တစ်ဦး က”ထောင်ဝင်စာပိတ်ထား တာ တစ်လကျော် နေပြီ ။ထောင်ကျနေတဲ့သားနဲ့ က အ ဆက် အသွယ် ပြတ်ကုန်တယ် ။အဲဒါကို အ ခွင့်ကောင်း ယူ ပြီး ဖုန်းနဲ့ရော လူကိုယ်တိုင်ရော ထောင်က ဝန် ထမ်း က အိမ်လာပြီး ငွေလိမ်တောင်းတာ ခံရ တယ်” လို့DNA ကိုပြောပါတယ်။
ထောင်မှူးအဆင့်မှ အောက်ခြေ အမှုထမ်း ရဲဘော် အဆင့် အထိ ထောင်ဝန်ထမ်း တွေ က ထောင်ကျအကျဉ်းသား အလုပ်ကြမ်း မလုပ်ရရေး ၊ထောင် မပြောင်းရွေ့ရရေး ၊ကျန်းမာရေး၊အ စား အစာ နဲ့ နေရာထိုင်ခင်း အဆင်ပြေစေ ရေး စတဲ့ အကြောင်းပြချက် အမျိုးမျိုးနဲ့ ထောင်ညွှန်မှူး ထောင်ပိုင် တို့ထံငွေ ပေးရမယ်ဆိုပြီး လိမ်လည် ငွေညှစ် တောင်း ယူနေတာပါ။
ငွေပမာဏ ကျပ်သုံး သိန်း ကနေ ကျပ် ဆယ်သိန်းကျော် အထိ ဖုန်းဆက် တာ လူကိုယ်တိုင် လာယူ တာ ၊WAVE MONEY ကနေ ငွေလွှဲတာမျိုးတွေနဲ့ ငွေပေး ငွေယူ လုပ်ကြရတာလို့ နိုင်ကျဉ်း တွေရဲ့ မိသားစု နှင့် နီးစပ်သည့် အ သိုင်း အဝိုင်း ကသိရပါတယ်
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း က ပုသိမ်ထောင် ဝန်ထမ်း တပ်ကြပ်ကြီး အဆင့်ရှိ ထောင်တွင်းမှာ နာမည်ပြောင် ဇော် မဲလုံး လို့ အခေါ်ခံရသူ က နိုင်ကျဉ်းတွေ ထောင်ပြောင်း ရွေ့တာ မပါရေး အတွက် ညွှန်မှူး နဲ့ ထောင်အရာရှိ ကို ငွေ ပေးရမယ် ဆိုပြိး တစ်ဦး ကို ကျပ် ၅ သိန်း နှုန်းနဲ့ နိုင်ကျဉ်း ၂၅ ဦး ရဲ့ မိသားစု ဝင်တွေထံမှာ ငွေညှစ် တောင်း ယူခဲ့သေးတယ် လို့ ဆိုပါတယ်။
အလားတူ အခြား ထောင်ကျ နိုင်ကျဉ်း တွေ နဲ့ အခြားပြစ်မှု ထောင်ကျနေတဲ့ အကျဉ်းသားတွေ ရဲ့ မိသားစု ဝင် တွေ ထံမှ လည်း ထောင်ဝန်ထမ်းသာ မက ဝန်ထမ်းရဲ့ ဇနီးဖြစ်သူ အချို့ တို့က လိမ်လည် ငွေညှစ်တောင်းယူမှု များလုပ်တယ် လို့ ဆက်သိရပါတယ်။
“ငွေညှစ်ခံရတာ ထောင်ကျနေတဲ့ အကျဉ်းသား ရဲ့ မိသားစုဝင် တွေများတယ် ။အထဲနဲ့ က အဆက်အသွယ် မရ ထောင် ဝင်စာလည်း ပို့မရ ဆိုတော့ အပြင်က မိသားစု တွေက စိုးရိမ်စိတ်နဲ့ သူတို့ပြောတာ တကယ်ထင်ပြီး ပေး လိုက်ကြရတယ် ။တချို့ မပြေလည်တဲ့ သူတွေလည်း တောင်းပန်ပြီး ညှိနှိုင်း ပေးကြရတယ်” လို့ လွတ်ငြိမ်းခွင့် ဖြင့်ပြန်လွတ်သူ အ ကျဉ်းသား တစ် ဦး က ဆိုပါတယ်။