“ စစ်မှန်တဲ့ တော်လှန်ရေးကို ခမ်းနားတဲ့ အချစ်က ဦးဆောင်လမ်းပြတယ်”

ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ချစ်သူများနေ့မှာ ရန်ကုန်တော်လှန်ရေးအင်အားစုကလူငယ်တယောက်က “ စစ်မှန်တဲ့ တော်လှန်ရေးကို 

ခမ်းနားတဲ့ အချစ်က ဦးဆောင်လမ်းပြတယ်” ဆိုတဲ့ ကမ္ဘာမှာထင်ရှားတဲ့ တော်လှန်ရေးသမားချေ‌ဂွေဗားရားရဲ့ စာသားကိုကိုင်စွဲပြီး လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

စစ်အာဏာရှင်တော်လှန်ရေးမှာ ပါဝင်နေတဲ့ ချစ်သူအမျိုးသမီးအတွက် တော်လှန်သောချစ်ခြင်းကို ပြသတာဖြစ်တယ်လို့ဆိုပါတယ်။