ပြည်သူ့ကာကွယ်ရေးတပ်တွေက ဗိုလ်ချုပ်မွေးနေ့ပဲပြုတ်နဲ့နံပြားကျွေး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲမှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒေသခံပြည်သူတွေကို ဒီကနေ့  ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ ပဲပြုတ်နဲ့နံပြားကျွေးတဲ့ အစီအစဉ်တခုကို ပြုလုပ်ခဲ့ကြပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့  Mandalay UG Wolf ARMYနဲ့ မဟာမိတ်အဖွဲ့အစည်းတွေဖြစ်တဲ့ NATION’S DEFENSE ARMYတို့က  ဒေသခံပြည်သူတွေကို ပဲပြုတ်နဲ့ နံပြားအချပ် ၂၅၀ ကျွေးမွေးခဲ့တာ ဖြစ်ပါတယ်။

” သခင်အောင်ဆန်းရဲ့ မွေးနေ့ကို မမေ့သလို တော်လှန်ရေးရဲ့ အရှိန်အဟုန်ကိုလည်း သွေးမအေးဘဲ တော်လှန်ချင်စိတ်လေး ရှိစေချင်တာကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြန်မရတော့တဲ့ လွတ်လပ်ရေးဖခင်ကြီးကို မမေ့နိုင်သေးတဲ့အတွက် အခုလို ပဲပြုတ်နဲ့ နံပြားကျွေးမွေးတဲ့ အစီအစဉ်ကိုပြုလုပ်တာဖြစ်ပါတယ်” လို့ Mandalay UG Wolf ARMY ကတာဝန်ရှိသူက DNA ကိုပြောပါတယ်။