“ဖေဖော်ဝါရီ ၁၃ဟာ ဗိုလ်ချုပ်မွေးနေ့ပါ”

ပြီးခဲ့တဲ့ အရပ်သားအစိုးရခေတ်တွေအတွင်း ဖေဖော်ဝါရီ ၁၃ရက်နေ့တွေမှာ ပဲပြုတ်နံပြားဝေမျှ ကျွေးမွေးသူ၊ လက်ခံရယူစားသုံးသူတွေနဲ့ နိုင်ငံတဝန်း စည်ကားနေလေ့ရှိပါတယ်။

“ပဲပြုတ်နဲ့နံပြား ရရင်စားချင်တယ်” ဆိုတဲ့ ဗိုလ်ချုပ် မကျဆုံးမီက စာတကြောင်းကြောင့် ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့တိုင်းမှာ ဒီအလေ့အထ

လာတာပါ။ ရန်ကုန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးရှေ့မှာလည်း အဲ့ဒီလို အစီအစဉ်တွေရှိတတ်ပြီး စည်ကားနေလေ့ရှိပါတယ်။

စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီဟာလည်း လူထုသပိတ်တိုက်ပွဲတွေနဲ့လမ်းပေါ်မှာ လူထုအင် အားကောင်းချိန်ဖြစ်တာကြောင့် ဒီအလေ့အထကို ပေါ်ပေါ်ထင်ထင် ဆက်လက်မြင်တွေ့ကြရပါသေးတယ်။

အာဏာသိမ်းမှုဆန့်ကျင်သူတွေ၊NLD ပါတီထောက် ခံသူလို့ယူဆခံရသူတွေကိုစစ်တပ်က အကြမ်း ဖက်၊ ဖိနှိပ်ဖမ်းဆီးသတ်ဖြတ်တာတွေရှိလာပြီးနောက်မှာတော့ ဖေဖော်ဝါရီ ၁၃ရက်နဲ့ပဲပြုတ်နံပြား ယဥ် ကျေးမှုဟာလည်းတဖြည်းဖြည်းမှေးမှိန်လာပါတော့တယ်။

ပြည်သူတွေကြားဒီအလေ့အထ ဆက်ရှိနေ သေး ပေမယ့် အရင်လိုတော့ ထင်ထင်ပေါ်ပေါ် စည်စည် ကားကား လုပ်ကြတဲ့အခြေအနေမရှိတော့ပါဘူး။ 

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်မှာ စစ်အာ ဏာ ရှင်စနစ်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှုတွေအဆက် မ ပြတ်လုပ်နေတဲ့ အထကမလဲသာ ကျောင်းသား များသမဂ္ဂ၊ ဗကသများအဖွဲ့ချုပ်က ဒီကနေ့မနက်ပို င်းမှာ (၁၀၈) နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် အောက်မေ့သတိရခြင်းလှုပ်ရှားမှုတခုလုပ်ခဲ့ပြီး ပဲပြုတ်နံပြား ဝေငှကျွေးမွေးမှု လုပ်ခဲ့ပါတယ်။

ဒါ့အပြင်ဗိုလ်ချုပ်ရဲ့တော်လှန်ရေးမိန့်ခွန်းတွေကို လည်းချိတ်ဆွဲဖော်ပြပြီးစစ်အာဏာရှင်တော်လှန် ရေးအတွက် လူထုကို နှိုးဆော်တိုက်တွန်း ခဲ့တယ်လို့ သိရပါတယ်။