ဆားလင်းကြီး ၊ ပုလဲနယ် အစပ်မှာတိုက်ပွဲဖြစ်ပွား PDFရဲဘော်ခြောက်ဦးနဲ့ပကဖအဖွဲ့ဝင် တဦးကျဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် နဲ့ ပုလဲမြို့နယ် အစပ်မှာ ဒီကနေ့ ဖေဖော်ဝါရီ၁၂ရက်မနက် ၁၁နာရီက စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ပုလဲမြို့နယ်အခြေစိုက် ဒေါင်းနက်ပြောက်ကြားတပ်ဖွဲ့ ၊ ရေစကြိုတော်လှန်ရေးတပ်ဖွဲ့ ၊ ဆားလင်းကြီးတော်လှန်ရေးတပ်ဖွဲ့ ၊ M7တပ်ဖွဲ့ ၊ပုလဲပကဖတပ်ဖွဲ့၊ ယင်းမာပင်ခရိုင်တပ်ရင်း ၈ တို့က တပ်ဖွဲ့ဝင်အင်အား၃၀ခန့်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့သာလွန်အင်အားနဲ့ ထိတွေ့ တို့တိုက်ပွဲဖြစ်ပွါးခဲ့တာပါ။

အဆိုပါထိတွေ့တိုက်ပွဲမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်၅ဦးဒဏ်ရာရပြီး ပကဖ အဖွဲ့ဝင်တစ်ဦးနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်၅ဦးသေဆုံးခဲ့ ပြီးစစ်ကောင်စီဘက်ကအကျအဆုံးမသိရပါဘူး။

“ကျွန်တော်တို့ကစုံသားကျေးရွာကနေထွက်လာမယ့်စစ်ကောင်စီတပ်တွေရဲ့စစ်ကြောင်းကိုအခြားတစ်နေရာကနေစောင့်တာသူတို့ကကျားတက်ကျေးရွာဘက်ကနေဖြတ်လာတာ ကျွန်တော်တို့ကစစ်ကောင်စီတပ်တွေကျားတတ်ရွာထဲဝင်သွားပြီကြားလို့နေရာရွှေ့လာတာအဲ့ဒီမှာကျားတတ်ပုလဲလမ်း ဇရပ်ကုန်းကျေးရွာလမ်းခွဲရဲ့အတွင်းပိုင်းမှာ ကျွန်တော်တို့ကား၃စီးနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့” ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ကတပ်ရင်းမှူးရဲဘော်ပေက DNAကိုပြောပါတယ်။

“သေဆုံးခဲ့တဲ့သူတွေဟာသေနတ်မှန်လို့သေတာထက် သူတို့လည်ပင်းတွေကိုဓားတွေနဲ့လှီးထားတာပေါ့ သေနတ်မှန်လို့မသေမရှင်ဖြစ်နေတာကိုလည်ပင်းကိုဓားနဲ့လှီးသတ်တယ်လို့ယူဆတယ် ၄ယောက်ကို မီးရှို့တယ်”လို့သူကဆက်ပြောပါတယ်။

သေဆုံးခဲ့သူတွေဟာအသက် ၁၉နှစ်က ၂၃ နှစ်ဝန်းကျင်အရွယ်လေးတွေဖြစ်ပြီးသူတို့စီးလာတဲ့ကားသုံးစီးလည်းပျက်စီးသွားခဲ့ပါတယ်။ ယခုလက်ရှိအခြေနေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာပုလဲမြို့ပေါ်အာထကကျောင်းထဲမှာတပ်စွဲထားတယ်လို့သိရပါတယ်။

စစ်ကောင်စီဘက်ကပုလဲ ၊ ယင်းမာပင်နဲ့ ၊ဆားလင်းကြီးမြို့တွေအပါအဝင် စစ်ကိုင်းတိုင်းကမြို့နယ် ၁၁မြို့ကိုစစ်အုပ်ချုပ်ရေးကြေငြာထားပြီးအဆိုပါဒေသတွေမှာနေ့စဉ်မပြတ်စစ်ကြောင်းထိုးရွာစဉ်လှည့်လည်မီးရှို့နေတာလည်းဖြစ်ပါတယ်။

ယင်းမာပင် ၊ဆားလင်းကြီးနဲ့ ပုလဲနယ်အစပ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစစ်ကြောင်းထိုးနေလို့၂ရက်အတွင်းဒေသခံသောင်းနဲ့ချီထွက်ပြေးနေရတယ်လို့လည်းသိရပါတယ်။