စစ်တပ်လက်နက်ကြီးကြောင့် ကော်သူးလေနယ်မြေထဲက ဒေသခံ သုံးဦးထိခိုက်ဒဏ်ရာရ

ကေအဲန်ယူ-ကရင်အမျိုးအသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေထဲက ခလယ်လွီထူခရိုင် တပ်မဟာ (၃) ဆောထိမြို့နယ်အတွင်းမှာရှိတဲ့ ပုစွန်မြောက်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက အနီးအနားကရွာတွေလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတချို့ထိခိုက်ခဲ့တယ်လို့ KNU ကသတင်းထုတ်ပြန်လာပါတယ်။

ပုဇွန်မြောင်းကျေးရွာတွင် ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီ ခမရ-၂၀ ဟာ မနေ့ ဖေဖော်ဝါရီ ၁၁ ရက်မနက်ပိုင်းမှာ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာဖြစ်ပြီး အနီးအနားက ညောင်ပင်ကြီးကျေးရွာကို ကျပြီးပေါက်ကွဲခဲ့တာကြောင့် ပြည်သူ ၃ ဦးလက်နက်ကြီးထိမှန်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ညောင်လေးပင်ဆေးရုံကို ပို့ဆောင်ပြီး အမျိုးသမီးတဦးကတော့ ဒဏ်ရာစိုးရိမ်ရတာကြောင့်ပဲခူးဆေးရုံကို ဆက်ပြီးပို့ထားရတယ်လို့ KNU ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။