အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ဟာ မနေ့ဖေဖော်ဝါရီ ၁၁ ရက်နေ့ က နယူးယောက်မြို့ရောက် မြန်မာလူထုနဲ့ တွေ့ဆုံခဲ့ကြပါတယ်။
နယူးယောက်မြန်မာလူထုတွေ့ဆုံပွဲကို နယူးယောက်မြို့ရှိ St.James Episcopal Churchမှာ ကျင်းပခဲ့တာဖြစ်ပြီး နယူးယောက်မြို့ပေါ်က မြန်မာပြည်ဖွားတိုင်းရင်းသား အယောက် ၃၅၀ ကျော်တက်ရောက်ခဲ့ကြတယ်လို့ NYCBC ကထုတ်ပြန်ထားပါတယ်။
ဒီတွေ့ဆုံပွဲမှာတော့ စစ်အာဏာရှင်တော်လှန်ရေးမှာ စိတ်အားထက်သန်စွာ ပါဝင်နေတဲ့ အမေရိကန်ရောက်တော်လှန်ရေးညီအကိုမောင်နှမတွေကို ကျေးဇူးတင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပြီး လက်ရှိတိုးတက်နေတဲ့ နိူင်ငံတကာဆက်ဆံရေးဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။