အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။
ဒီကနေ့ တောင်ကိုရီးယားနိုင်ငံမှာ စစ်အာဏာရှင်ကိုဆန့်ကျင်တာပြုလုပ်ခဲ့ပြီး Mindful Money အဖွဲ့ကလည်း နယူးဇီလန်အစိုးရနဲ့ ကုမ္ပဏီတွေကို စစ်အာဏာရှင်နဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေကို ဖြတ်တောက်ပြီး မြန်မာပြည်သူတွေကိုကူညီဖို့ တောင်းဆိုခဲ့ပါတယ်။
လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။
ဒီကနေ့မှာ စစ်ကိုင်းတိုင်းထဲက ကလေးမြို့၊ မုံရွာ၊ လက်ပံတောင်းဒေသ၊ ချင်းတွင်းဒေသ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ မြောင်၊ ခင်ဦးစတဲ့ မြို့နယ်တွေမှာ သပိတ်လှုပ်ရှားမူတွေရှိခဲ့သလို မန္တလေးပြည်ကြီးတံခွန်နဲ့ ထားဝယ် လောင်းလုံဒေသမှာလည်း သပိတ်လှုပ်ရှားမှုတွေရှိခဲ့ပါတယ်။
ဒါ့အပြင် သံဃတော်လှန်ရေးအင်အားစုတွေနဲ့ ကျောင်းသားတော်လှန်ရေးအင်အားစုတွေကလည်း လက်ရှိအချိန်အထိ သပိတ်လှုပ်ရှားမှုတွေ လုပ်နေကြဆဲ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုနဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဒေသအသီးသီးမှာ ဒီကနေ့ ထုတ်ဖော်ပြ သခဲ့ကြ တဲ့ သပိတ်လှုပ်ရှားမှု ပုံရိပ်တွေထဲကတချို့ကို DNA က စုစည်းဖော်ပြပေးလိုက်ပါတယ်။