အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးနေကြရလို့ လူမရှိတဲ့ရွာတွေက နေအိမ်တွေကို ဖျက်ယူကာ အသုံးပြုတာ၊ ရောင်းစားတာတွေ လုပ်နေတယ်လို့ အဲဒီရွာသား တွေက ပြောကြပါတယ်။
ရခိုင်မှာစစ်ကောင်စီနဲ့ AAတို့ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားတာအပြင် စစ်ကောင်စီတပ်သားတွေက လူနေကျေးရွာ တွေအနီး စခန်းချနေထိုင်လာကြတာကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေကြရတဲ့ ကျေးရွာတွေအများအပြား ရှိနေ ပြီး အဲဒီရွာတွေထဲက နေအိမ် တွေနဲ့ အိမ်အတွင်း ကျန်ခဲ့တဲ့ ပစ္စည်းတွေကို ခိုးယူ၊ ရောင်းစားနေကြတာလို့ ဆိုပါ တယ်။
“အိမ်တွေမှာ အမိုးတွေလည်း မရှိတော့ဘူး၊အရန်အကာတွေ၊ တံခါးတွေ၊ ပျဉ်တွေ ဘာမှမရှိတော့ဘူး၊စစ်သား တွေ က အကုန်ဖျက်ယူသွားကြတယ်၊အိမ်ဆောက်ဖို့ ကျန်ခဲ့တဲ့ သစ်တွေကိုလည်း ယူသွားကြတယ်၊ဟိုးတစ်ရက်က ရွာ ကို သွားကြည့်တဲ့အခါမှာ တွေ့ခဲ့တာပါ၊အဲလိုအဖျက်ခံရတဲ့အိမ်တွေ အများကြီးပါ”လို့ ကျောက်တော်မြို့ နယ် တင်းမရွာသားတဦးက DNA ကို ပြောပါတယ်။
ဒါ့အပြင် နေအိမ်တွေအတွင်း ကျန်နေခဲ့တဲ့ လယ်ထွန်စက်တွေ၊ ဆန်၊ စပါးတွေကိုလည်း ရွာအနီး စခန်းချနေ ထိုင် နေ ကြတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ခိုးယူသွားခဲ့ကြကြောင်း တင်းမရွာသားတွေက ပြောကြ ပါတယ်။
“ထွန်စက်တွေ၊ စပါးတွေ၊ ဆန်တွေကိုလည်း အကုန် စစ်သားတွေ ယူသွားတယ်။ အိုးခွက်၊ ကုလားထိုင်တွေကအစ အကုန်ယူသွားတယ်၊ကျွန်မတို့မှာလည်း ထွန်စက်တလုံး၊ ရေတင်စက်တလုံး မရှိတော့ဘူး”လို့ တင်းမရွာခံ အမျိုး သမီးတဦးကလည်း ထပ်ပြောပါတယ်။
အဲဒီတင်းမရွာအပြင် ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တို့အတွင်းရှိ လူမရှိတဲ့ကျေးရွာတွေက နေအိမ်တွေ၊ နေ အိမ်တွေအတွင်း ကျန်ခဲ့တဲ့ ဆန်၊ စပါးနဲ့ တခြားပစ္စည်းတွေကိုလည်း စစ်ကောင်စီတပ်သားတွေက နေ့စဉ်နဲ့ အမျှ ခိုးယူနေကြတယ်လို့ ပြောကြပါတယ်။
“တစ်ရွာလုံးနီးပါးက အိမ်တွေ အကောင်းမကျန်တော့ဘူး၊သူတို့(စစ်သားတွေ) လိုတာကို ဖျက်ယူတယ်၊သစ် ကောင်းတွေဆိုရင် သူတို့နေဖို့ အဆောင်ဆောက်တယ်၊မကောင်းတော့တဲ့ သစ်တွေ၊ ဝါးတွေကိုဆိုရင် ထင်းလုပ်ပစ် တယ်”လို့ ရသေ့တောင်မြို့နယ် ထီးစွဲရွာသားတဦးက ပြောပါတယ်။ ဒါ့
အပြင် ရွာမှာ ကျန်နေခဲ့တဲ့ ကျွဲ၊ နွားတွေကိုလည်း ပစ်ခတ်၊ သတ်စားတာတွေကိုပါ စစ်ကောင်စီတပ်သား တွေက လုပ်နေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ စစ်သားတွေဟာ ၂၀၁၉၊ ၂၀၂၀ ရခိုင်တိုက်ပွဲကာလ ကတည်း က လူနေကျေးရွာတွေအနီးသို့ ရောက်လာခဲ့ကြတာဖြစ် ပြီး ရွာထဲနဲ့ ရွာအနီးတွေမှာ စခန်းချနေထိုင်လာခဲ့ကြတာ ဖြစ်ပါတယ်။
စစ်တပ်နဲ့ ရခိုင့်တပ်တော် (AA)တို့ကြား အ ပစ်အခတ်တွေ ရပ်ထားတာ နှစ်ကြိမ်တိုင်ရှိပြီဖြစ်ပေမယ့် အဲဒီစစ်သား တွေကတော့ အခုအချိန်အထိ ရွာအနီးကနေ ဆုတ်ခွာတာ မရှိကြသေးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ခုခံတော်လှန်မှုအားကောင်းရာဒေသတွေကို စစ်တပ်ကအကြိမ်ကြိမ် စစ် ကြောင်းထိုး မီးရှို့မှုတွေလုပ်ရာမှာလည်း အလားတူပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသွားလေ့ရှိသလို မယူနိုင်တဲ့ ပ စ္စည်းတွေကိုတော့ မီးရှို့ဖျက်ဆီးခဲ့လေ့ရှိတယ်လို့ စစ်ကြောင်းထိုးခံရတဲ့ ဒေသတွေက ဒေသခံတွေကပြော ကြပါတယ်။