မကွေးတိုင်း၊ ပခုက္ကူမြို့၊ မြို့ရှောင်လမ်းပိုင်းတနေ ရာမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီကားတစီးမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ပြည်သူငါးဦးကိုစစ်တပ်က ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ကင်းလှည့်နေတဲ့ စစ်ကားကို ဖေဖော်ဝါရီ ၅ ရက်ည ၇ နာရီဝန်းကျင်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တခုက မိုင်းဆွဲတိုက်ခိုက်ခဲ့ရတာဖြစ်ပြီး ဒေသခံငါးဦးပစ်သတ်ခံရတဲ့အခြေအနေ အသေးစိတ်ကိုတော့မသိရသေးပါဘူး။
စစ်ကောင်စီက ပစ်သတ်သွားတဲ့သူတွေဟာသာမန်အရပ်သားပြည်သူတွေဖြစ်တယ်လို့ ပခုက္ကူမြို့ခံတဦးကပြောပါတယ်။
“မဆိုင်တဲ့သူတွေသေသွားတာ စိတ်မကောင်းဘူး၊ ဖြစ်တဲ့နေရာက ကျွန်မတို့နဲ့ နည်းနည်းလှမ်းပေမယ့် တအားကြီးမဝေးဘူး၊ မြို့ကိုဖိနှိပ်နေတာက နှစ်လလောက်ရှိပြီ၊ညကဟာကတော့ တော်တော်ဆိုးတာပေါ့” သူကပြောပါတယ်။
ကင်းလှည့်စစ်ကားကို မိုင်းဆွဲတိုက်ခိုက်တာနဲ့ ပတ် သက်လို့ ပခုက္ကူ PDF စစ်ကြောင်း(၁)က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေဘေးကင်းတယ်လို့ထုတ်ပြန်ထားပါတယ်။
စစ်တပ်က ပစ်သတ်ခဲ့တဲ့ပြည်သူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာတော့မသိရသေးပါဘူး။