ရခိုင်က ရိုဟင်ဂျာဒုက္ခသည်တွေကို စားနပ်ရိက္ခာထောက်ပံ့ခွင့် ထပ်ပိတ်ခံရလို့ အခက်ကြုံနေရ

သုံးလကျော်ကြာ ရိက္ခာဖြတ်တောက်ခံခဲ့ကြရတဲ့ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ပြီး ခဲ့ တဲ့ ဒီဇင်ဘာလမှာထောက်ပံ့ခွင့်ပြုခဲ့ပေမယ့် လက်ရှိမှာ စစ်ကောင်စီက ထောက်ပံ့ခွင့်ပြန်ပိတ်ပင်လိုက်တဲ့အတွက် အဲဒီစခန်းတွေက ဒုက္ခသည်တွေမှာ ကြီးမားတဲ့ရိက္ခာအခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ ပြောကြပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေဆီ ပုံမှန်ထောက်ပံ့ပေးနေတဲ့ လူသားချင်းစာ နာထောက်မှုဆိုင်အရာအကူအညီပေးရေးအဖွဲ့တွေကို၂၀၂၂ စက်တင်ဘာလကစပြီး သွားရောက်ကူညီခွင့် ပိတ်ပင် ထားခဲ့တာဖြစ်ပါတယ်။ 

အဲဒီနောက်ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ ကူညီခွင့် ပြန်ပေးခဲ့ပြီး ဇန်နဝါရီလမှာတော့ ထပ်မံပိတ်ပင်လိုက်တာလို့ ဆိုကြ ပါ တယ်။

 “ပထမသုံးလအပိတ်ခံရတယ်၊ ပြီးတော့ ၁၂ လပိုင်းနဲ့ ၁၁ လပိုင်းအတွက် ရခဲ့တယ်၊အခု ဇန်နဝါရီအတွက် ထပ်မရ တော့ဘူး၊သူတို့ ခွင့်ပြုချက်မရတဲ့အတွက် လာမပေးတာလို့ ကြားပါတယ်။ စခန်းမှာက နွမ်းပါးသူတွေပဲလေ၊ ငတ် ရင်မရှိရှိတာကိုရောင်းစားကြရပါတယ်၊ဆန်ဈေးတွေလည်း အဆမတန်တက်နေတယ်လေ၊တော်တော်ဒုက္ခ ရောက် ရပါတယ်”လို့ ပေါက်တောမြို့နယ် ငှက်ချောင်းရိုဟင်ဂျာဒုက္ခသည်စခန်းက ဒုက္ခသည်တဦး က DNA ကို ပြောပါ တယ်။ 

တခြားသော ကျန်းမာရေး၊ လောင်စာ စတဲ့အထောက်အပံ့ပေးနေတဲ့ ကူညီရေးအဖွဲ့တွေ ခရီးသွားလာခွင့်ပေးထား ပေမယ့် စားနှပ်ရိက္ခာနဲ့ ပညာရေးအထောက်အပံ့တွေပေးတဲ့ အဖွဲ့အစည်းတွေကိုတော့ အခုလို ပြန်လည်ပိတ်ပင် ထားတာဖြစ်တယ်လို့ ဒုက္ခသည်တွေက ပြောကြပါတယ်။ 

“တခြားအဖွဲ့အစည်းတွေက လာလို့ရတယ်၊ဒီရိက္ခာနဲ့ ပညာရေးပိုင်းတွေက လာပေးလို့မရဘူးဖြစ်နေတာ၊ဘာလို့ ပိတ်ထားတာလဲဆိုတာ မေးခွန်းထုတ်စရာ‌တွေ ရှိပါတယ်”လို့ လူဦးရေတစ်သောင်းကျော်ရှိတဲ့ ငှက်ချောင်း ရိုဟင် ဂျာဒုက္ခည်စခန်းကဒုက္ခသည်တဦးက ပြောပါတယ်။

မြေပုံမြို့နယ် တောင်ပေါ် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာလည်း အလားတူစားနပ်ရိက္ခာအခက်အခဲတွေနဲ့ ကြုံနေ ကြ ရတယ်လို့ ဆိုကြပါတယ်။

“လူတွေက အလုပ်အကိုင်လည်း မရှိ၊ အလုပ်လည်းလုပ်လို့မရဘူး၊ဒီကယ်ဆယ်ရေးက ဟာကိုပဲ မှီခို ပြီးနေကြတေ့ာ အဲဒါလည်းမရရင် အခက်အခဲရှိပါတယ်”လို့ တောင်ပေါ်စခန်းက ဒုက္ခသည်တဦးက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးတဲ့အဖွဲ့အစည်းတွေကို မကြာခဏ ပိတ်ပင် ဟန့်တားမှုတွေလုပ်လေ့ရှိပြီး ဘာကြောင့် ပိတ်ထားတယ်ဆိုတဲ့အကြောင်းပြချက်ကိုတော့ မသိရပါ ဘူး။ အာဏာသိမ်းစစ်ကောင်စီဟာ ဒုက္ခသည်တွေကို စားနှပ်ရိက္ခာနဲ့ ငွေကြေးတွေ အဓိကကူညီထောက်ပံ့ပေးနေတဲ့ နိုင် ငံတကာကူညီရေးအဖွဲ့(NGOs, INGOs)တွေ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ စတဲ့ မြို့နယ်တွေအတွင်း သွားရောက်ခွင့်ကို ပြီးခဲ့တဲ့ စက်တင်ဘာလလယ်က တည်း ကနေ စာထုတ်တားမြစ်ထားခဲ့တာဖြစ်ပြီး ဒီဇင်ဘာလမှာ ပြန်လည်ခွင့်ပြုပေးခဲ့ပါတယ်။

 ရခိုင်ပြည်နယ်အတွင်း၂၀၁၂ ခုနှစ်ကပဋိပက္ခတွေကြောင့် ဒေသခံ တစ်သိန်းလေးသောင်းနီးပါး နေရပ်စွန့်ခွာ ထွက် ပြေးခဲ့‌ ကြရပြီး အဲဒီထဲက ၉၅ ရာခိုင်နှုန်းဟာ မူဆလင်တွေဖြစ်ကာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရ တယ် လို့ ၂၀၁၇ ခုထုတ် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။