ရန်ကုန်မြို့၊မင်္ဂလာဒုံမြို့နယ်မှာ ဖေဖော်ဝါရီ(၃)ရက်ညပိုင်းကနေ ဒီကနေ့မနက်ပိုင်းအထိ ဆယ်နာရီအတွင်း ယာဉ်တိုက်မှုနှစ်မှုဖြစ်ပြီး အသက်ကိုးနှစ်အရွယ် မိန်းကလေးတဦးအပါအဝင် နှစ်ဦး သေဆုံးသွားတယ်လို့ ပုလဲ အရန်မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။
အဲ့ဒီယာဉ်တိုက်မှုနှစ်မှုလုံးဟာ မင်္ဂလာဒုံမြို့နယ်အတွင်းက အမှတ်(၃)လမ်းမပေါ်မှာဖြစ်ခဲ့တာဖြစ်ပြီး (၃၃၃)မှတ် တိုင်အနီးမှာ မနေ့က ညကိုးနာရီဝန်းကျင်ကဖြစ်ခဲ့တဲ့ ကားသုံးစီးဆင့်တိုက်မှုကြောင့် ကိုးနှစ်အရွယ်မိန်း ကလေး ငယ်တဦး သေဆုံးသလို အမျိုးသားလေးဦးလည်း ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီကနေ့ မနက် (၇)နာရီဝန်းကျင်ကလည်း အမှတ်(၃)လမ်းမ၊ကုန်းတလပေါင် မှတ်တိုင်အနီးမှာ ဆိုင် ကယ်နဲ့ကားတိုက်မှုဖြစ်ရာက ဆိုင်ကယ်ပေါ်လိုက်ပါလာတဲ့ အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် အဲ့ဒီဆိုင်ကယ်ကို မောင်းနှင်လာတဲ့ သက်ကြီးပိုင်းအမျိုးသားတဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိ ရပါတယ်။အဲဒီယာဉ်တိုက်မှုဖြစ်စဉ်တွေက ထိခိုက်ဒဏ်ရာသူနဲ့ သေဆုံးသူတွေကို ပုလဲအရန်မီးသတ်တပ်ဖွဲ့က လူ နာ တင်ယာဉ်တွေနဲ့ မြောက်ဥက္ကလာ၊မေဓါဝီဆေးရုံကို ပို့ပေးခဲ့တယ်လို့ သိရပါတယ်။