ဝက်လက်နယ် အနောက်ခြမ်း တကောင်းမင်းရွာကိုစစ်တပ်က သုံးရက်အတွင်းနှစ်ကြိမ် မီးရှို့၊ပြည်သူ တဦးပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အနောက်ခြမ်းက တကောင်းမင်းရွာကို စစ်တပ်က သုံးရက်အတွင်း နှစ်မီးရှို့ခဲ့ သလို စစ်ကြောင်းလာချိန်ထွက်ပြေးတဲ့ ပြည်သူတဦးကိုလည်း ပစ်သတ်ခဲ့တယ်လို့ Wetlet information network တာဝန်ရှိသူတဦးက DNAကိုပြောပါတယ်။

 စစ်ကောင်စီဟာ လွန်ခဲ့တဲ့ တကောင်းမင်းရွာကို သုံးရက်အတွင်းနှစ်ကြိမ်မြောက်မဖြစ် ဖေဖော်ဝါရီ(၃)ရက်မနေ့က ထပ်မံစစ်ကြောင်းထိုးဝင်လာကာ နေအိမ်တွေကိုမီးရှို့ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

  “အင်အား၇၀လောက်ရှိတဲ့ စစ်ကြောင်းက ဝက်လက်မြို့နယ်အနောက်ဖက်က တကောင်းမင်းရွာမှာ ရွာကို ဒုတိ ယအကြိမ်မီးတင်ရှို့ပြီး စစ်ကြောင်းပြန်အထွက်မှာဆိုင်ကယ်နဲ့ထွက်ပြေးတဲ့ စစ်ရှောင်ပြည်သူတဦးကို လက် နက်ကြီးနဲ့ပစ်ခတ်လို့ နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားတယ်”လို့ Wetlet information network တာဝန် ရှိသူကပြောပါတယ်။

 တကောင်းမင်းရွာကို ပြီးခဲ့တဲ့ ဇန်နဝါရီ(၃၁)ရက်ကလည်း စစ်ကောင်စီက စစ်ကြောင်းထိုးမီးရှို့ခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ ဇန်နဝါရီလအတွင်း ဝက်လက်မြို့နယ်ထဲက ရွာပေါင်း (၁၅)ရွာကို စစ်ကြောင်းထိုး မီးရှို့ခဲ့သလို လက်ရှိမှာလည်း စစ်ကြောင်းဆက်ထိုးနေလို့ ဒေသခံပြည်သူတွေ စစ်ရှောင်နေရပြီး ရိက္ခာ၊ အမိုးအကာ ၊ စောင် ၊ ဖျာနဲ့ ဆေးဝါးစောင့်ရှောက်မှုတွေလိုအပ်နေတယ်လို့သိရပါတယ်။

  စစ်ကောင်စီကစစ်ကြောင်းထိုးမီးရှို့တာကြောင့် ဝက်လက်မြို့နယ်မှာ တလအတွင်း အိမ်ခြေနှစ်ထောင်နီးပါး မီး သင့်ပျက်စီးခဲ့သလို တနှစ်အရွယ် ကလေးတဦးနဲ့ ၁၇နှစ်အရွယ်လူငယ်တဦးအပါအဝင် ဒေသခံ ငါးဦးလည်း သတ် ဖြတ်ခံခဲ့ရတယ်လို့ Wetlet Information Network က ထုတ်ပြန်ထားပါတယ်။

 ဝက်လက်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေကနှစ်ကြိမ်၊သုံးကြိမ်အထိ အကြိမ်ကြိမ် စစ် ကြောင်းထိုးဝင် မီးရှို့တာတွေလုပ်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။

 စစ်ကောင်စီဟာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ် ဧရာဝတီမြစ်အနောက်ဘက်က မြို့နယ်တွေထဲ ကျေးရွာ တွေကိုစစ်ကြောင်းထိုး မီးရှို့မှုတွေဆက်တိုက်လုပ်နေသလို ဧရာဝတီမြစ်အရှေ့ဘက် မန္တလေးတိုင်းထဲက မတ္တရာ၊ စဉ့်ကူး စတဲ့မြို့နယ်တွေထဲမှာလည်း အလားတူ နယ်လှည့် စစ်ကြောင်းထိုးတာတွေ လုပ်နေပါတယ်။