ဒီးမော့ဆိုမှာ တလအတွင်း စစ်ရှောင် ခုနစ်ဦးသေ ဆုံး၊ သုံးဆယ်ထက်မနည်းဖမ်းဆီးခံထားရ

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းစစ်ကောင်စီတပ်ရဲ့လက် နက်ကြီးပစ်ခတ်တာနဲ့ဖမ်းဆီးသတ်ဖြ​တ်ခံရတာတွေကြောင့် စစ်ဘေးရှောင် ခုနစ်ဦးသေဆုံးခဲ့ပြီး ဒေသခံ (၃၀)ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ဒေသ ခံစစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်သူတွေက DNAကိုပြောပါတယ်။
 
ပြီးခဲ့တဲ့ ဇန်နဝါရီ (၂၉)ရက် မနက် ၉နာရီခွဲဝန်းကျင်က ဒီးမော့ဆိုအရှေ့ခြမ်းကစစ်ဘေးရှောင်တွေနေ ထိုင်ရာဘက်ကို စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံ အမျိုးသားတစ်ဦးကျည်ထိမှန်အသက်သေဆုံးသွားခဲ့တယ်လို့ စစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်သူတဦးကပြောပါတယ်။
 
“စစ်ရှောင်ရင်းနဲ့သူက ရွာကို ပြန်လာနေတုန်း ဖြစ်တ။အိမ်ကိုခဏ လာကြည့်တာလက်နက်ကြီးက သူ့အိမ်ထဲ ကျတာပေါ့။ကျွန်တော်တို့ဆီ ရောက်တော့ အသက်ပါမလာတော့ဘူး” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးထိမှန်သေဆုံးခဲ့သူဟာ အသက် ၃၅ နှစ်အရွယ် အမျိုးသား တဦးဖြစ်ကာ ရင်ဘတ်နဲ့အဆုတ်တို့ကိုလက်နက်ကြီးစစိုက်ဝင်ဒဏ်ရာကြောင့်အသက်သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။
 
ဒါ့အပြင် မနေ့က ဖေဖော်ဝါရီ (၁)ရက်မနက်၁၁နာရီ ခန့်မှာ ဒီးမော့ဆိုအနောက်ဘက်ကို ကရင်နီအမျိုး သားကာကွယ်ရေးတပ်(KNDF)ပူးပေါင်းအဖွဲ့ က နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေစဉ် စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးသတ်ဖြတ်ခံထားရတဲ့ စစ်​ဘေးရှောင်အမျိုးသားအလောင်းနဲ့အတူသေဆုံးသူရဲ့ မှတ်ပုံ တင်၊ ကျောပိုးအိတ်နဲ့ အဝတ်အစားတွေကို တွေ့ရှိခဲ့ကာရုပ် အလောင်းကိုမြှုပ်နှံသင်္ဂြိုဟ်ခဲ့ပြီး သက် သေခံပစ္စည်းတွေကိုထိန်းသိမ်းထားတယ်လို့ဒီးမော့ဆို PDF အဖွဲ့နဲ့နီးစပ်သူတွေကဆိုပါတယ်။
 
စစ်ကောင်စီ ရဲ့ဖမ်းဆီးသတ်ဖြတ်ခံထားရတဲ့စစ်ဘေးရှောင်ဆိုသူဟာ ဒေါတဝီကျေးရွာ ဒေသခံအသက် ၃၃ နှစ်အရွယ် အမျိုးသားတဦးဖြစ်ပြီးလည်ပင်းပြတ်ရှဒဏ်ရာကြောင့် အသက်သေဆုံးခဲ့ကာခြေထောက်မှာလည်းသေနတ်ကျည်ထိမှန်ဒဏ်ရာတွေရရှိထားတယ်လို့ ဒီးမော့ဆို PDFအဖွဲ့နဲ့နီးစပ်သူကဆိုပါတယ်။
 
“နယ်​မြေရှင်းရင်းအလောင်းကိုတွေ့တာ။ရုပ်အ လောင်းကနှစ်ပတ်လောက်ရှိတော့မယ်၊စစ်ရှောင်နေတာက တနှစ်ခွဲလောက်ရှိတော့မယ်။ ရွာထဲက သူ့အိမ်ကိုသူ ပြန်လာပစ္စည်းယူရင်းဖြစ်တယ်လို့ ယူဆရတာပဲ။လည်ပင်းမှာပြတ်ရှဒဏ်ရာတွေ့တယ်။ခြေ ထောက်တွေမှာလည်းပြတ်ရှဒဏ်ရာကောကျည်ထိတာကောတွေ့ရတယ်။မှတ်ပုံတင်တွေရထားတော့မိ သားစုကိုလှမ်းအကြောင်းကြားထားတယ်။အ လောင်းကတော့မြေမြုပ်ပေးလိုက်ပါတယ်”လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်ကစပြီးဒီကနေ့အထိ ဒီးမော့ဆို မြို့နယ်အရှေ့ဘက်ခြမ်းဒေသနဲ့ အနောက်ဘက်ခြမ်းဒေသတွေကို စစ်ကောင်စီတပ်ကအင်အားအများအပြားနဲ့စစ်ကြောင်းထိုးလုပ်ဆောင်နေတာကြောင့်နှစ်ဖက်တိုက်ပွဲပြင်းထန်နေပါတယ်။
 
စစ်ကြောင်းထိုးနေစဥ်အတွင်းမှာလည်းစစ်ကောင်စီတပ်ကကျေးရွာတွေအတွင်းပိတ်မိနေတဲ့စစ်ဘေးရှောင်ဒေသခံနဲ့ကူညီရေးလုပ်ဆောင်သူတွေအပါ အဝင်အယောက် ၃၀ ထက်မနည်းကိုလူသားဒိုင်းအဖြစ်ဖမ်းဆီးထားတယ်လို့ စစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်သူတွေကပြောပါတယ်။
“စစ်ဘေးရှောင် စခန်းဘက်ကိုအင်အားအလုံးအရင်းဝင်လာတော့ရွာသားတွေထွက်မရခဲ့ဘူး။ရွာသားတွေလည်း အဖမ်းခံထားရတယ်။စစ်ရှောင်တွေကို ကူရွှေ့ပေးတဲ့ သူတွေလည်း ဖမ်းခံထားရတယ်။သိခဲ့ရသလောက်က၃၀ ဦးကျော်လောက်ရှိမယ်။သေချာမမြင်ခဲ့ရတော့မပြောတတ်ဘူးဖြစ်နေတယ်။ကူညီပေးနေတဲ့သူကတော့ ၆ ဦးရှိတယ်” လို့ ဒီးမော့ဆိုက စစ်ရှောင်အရေးကူညီပေးနေ
သူကပြောပါတယ်။
 
စစ်ကောင်စီရဲ့လက်နက်ကြီးထိမှန်တာနဲ့ဖမ်းဆီးသတ်ဖြတ်ခံရတာကြောင့်အသက်သေဆုံးခဲ့တဲ့ ၇ ဦးထဲမှာ အသက်၅၈ နှစ်ကနေ ၆၀ နှစ် ဝန်းကျင်အ မျိုးသမီး ၃ ဦး နဲ့အသက် ၂၃ နှစ် ကနေအသက် ၄၀နှစ် ဝန်းကျင်အမျိုးသား ၄ ဦး အထိပါဝင်နေပြီး ၂၀၂၂ ခု နှစ် ဒီဇင်ဘာလထက် သေဆုံးသူ အနည်းငယ်လျော့နည်းလာတယ်လို့စစ်ဘေးရှောင်အချက်အ လက်တွေကိုဖော်ပြပေးနေတဲ့ကရင်နီလူမှုကူညီရေးကွန်ရက်(KCSN)အဖွဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
 
ဒီးမော့ဆိုမြို့နယ်မှာပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်စက်တင် ဘာလ ကနေ လက်ရှိ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့KNDF ပူးပေါင်းအဖွဲ့တွေကြားတိုက်ပွဲတွေကြောင့်ဒေသခံ(၇၈၂၆၅)ဦးနေရပ်စွန့်ခွာတိမ်းရှောင်နေရပါတယ်။