ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစုရဲ့ အထူးမွမ်းမံသင်တန်းဆင်းပွဲ

ကယား(ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU)ရဲ့ အပတ်စဉ် (D) အထူးမွမ်းမံ သင်တန်းဆင်းပွဲမြင်ကွင်းတွေကို အဖွဲ့က ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်နေ့မှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။

ကယား(ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစုစစ်ရေးလှုပ်ရှားတဲ့နယ်မြေမှာ တိုက်ပွဲတွေပြင်းထန်လာနိုင်တဲ့အတွက် အခုလိုပြင်ဆင်မှုတွေလုပ်ထားတာဖြစ်တယ်လို့လည်း KRU ရဲ့ ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။

” မကြာခင်တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်ဆိုတာက ကျွန်တော်တို့ဘက်မှာက စစ်ကောင်စီက အခုရက်ထဲမှာပဲ စစ်ကြောင်းထိုးတာတွေ၊ နယ်မြေရှေ့တိုးလာတာတွေရှိတယ်၊ ထိပ်တိုက်ရင်ဆိုင်ရတာတွေရှိတယ်။လေကြောင်းနဲ့လှုပ်ရှားမှုတွေလည်း စိပ်လာတယ်။ အများကြီးတော့ပြောပြလို့မရဘူး” လို့ KRU ရဲ့ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။

ဒါ့အပြင် မွမ်းမံသင်တန်းရဲ့ရည်ရွယ်ချက်ဟာ ရဲဘော်တွေစွမ်းဆောင်ရည် ပိုပြီးမြင့်မားလာဖို့ နဲ့ စစ်ဗျူဟာ ကျကျတိုက်ပွဲဝင်နိုင်ဖို့ နဲ့စည်းလုံးဖို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။