ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)တပ်ဖွဲ့ဝင်တွေ

ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) တပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်တွေကို MDY-PDF က ဒီကနေ့ ထုတ်ပြန်လာတာပါ။

MDY-PDF တာဝန်ရှိသူတွေနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ အခုလအတွင်း တွေ့ဆုံကာ ဒီနှစ်အတွင်း လုပ်မယ့်စစ်ရေးစီမံချက်တွေကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့ ဇန်နဝါရီ ပထမပတ်အတွင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါသေးတယ်။

MDF-PDF ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မိုးကြိုးကလည်း အခုနှစ်အတွင်း စစ်ရေးလှုပ်ရှားမှုတွေအရှိန်မြှင့်တော့မယ်လို့ DNA ကိုပြောထားပါတယ်။