မြောက်ဒဂုံ ၄၀ ရပ်ကွက်စျေးမှာ စျေးလာဝယ်တဲ့ စစ်တပ်က အငြိမ်းစားအရာရှိတဦး ပစ်ခတ်ခံရ

ရန်ကုန်၊ မြောက်ဒဂုံမြို့နယ် ၄၀ ရပ်ကွက် စျေးမှာ ဒီကနေ့ မနက်ဇန်နဝါရီ ၂၀ ရက်နေ့ကစျေးလာဝယ်တဲ့ အငြိမ်းစားအရာရှိတဦးသေနတ်နဲပစ်ခတ်ခံရမှုဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေ ဒေသခံတွေက DNA ကိုပြောပါတယ်။

“၄၀စျေးထဲသန်းစိုးကုန်စုံဆိုင်အရှေ့မှာပစ်သွားတာလို့တော့ ကြားတယ်။နှစ်ချက်သုံးချက်လောက်ရှိတယ်။ပစ်သွားတာ’’လို့၄၀စျေးအနီးနေ ဒေသခံတဦးကပြောပါတယ်။

ပစ်ခတ်မှုအပြီးမှာ စျေးကိုစစ်ကောင်စီတပ်ဖွဲ့တွေက ပိတ်ဆို့လိုက်တယ်လို့လည်းဆက်ပြောပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ ပစ်ခတ်ခံရသူဟာ ဗိုလ်​တေဇလမ်းနဲ့ တပင်​ရွှေထီးလမ်း​ထောင့်၊ အမှတ်(၆၅၇)ဗိုလ်​တေဇလမ်းမှာ နေထိုင်တဲ့ ကာကွယ်​ရေးဝန်ကြီးဌာနရဲ့အရပ်သားလက်​ထောက်ညွှန်ကြား​ရေးမှူး၊စာရင်းစစ် အငြိမ်းစားဦးရွှေဝင်း ဖြစ်တယ်လို့ ဆက်သိရပါတယ်။
ဒီပစ်ခတ်မှုကိုတော့ရန်ကုန်ကမြို့ပြပြောက်ကျားတွေရဲ့ စစ်ဆင်ရေးလှုပ်ရှားမှုတခုအနေနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးဘက်က ပြောပါတယ်။

‘’ အငြိမ်းစားအကောင်ကြီးပဲ ။အရင်ကကျွန်တော်တို့ဆီကSaturn အဖွဲ့အဖမ်းခံရတာရဲ့ အဓိက တရားခံပါ။လက်ရှိလည်းအတော်လေးပါဝင်ပတ်သက်နေတဲ့သူတစ်ယောက်”လို့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးကတာဝန်ရှိသူက DNAကိုပြောပါတယ်။

ဒါ့အပြင်စစ်ကောင်စီ​ရဲ့တရားမဝင်ရွေးကောက်ပွဲအတွက်ရပ်ကွက်အတွင်း သန်းခေါင်စာရင်းလိုက်လံကောက်ယူတာ၊ စစ်ကောင်စီရဲ့ရှောင်တခင်ဧည့်စာရင်းဝင်ရောက်စစ်ဆေးမှုတွေမှာ လိုက်ပါဦးဆောင်သူတဦးဖြစ်တယ်လို့လည်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးက တာဝန်ရှိသူက ဆက်ပြောပါတယ်။

လက်ရှိမှာလည်း ပစ်ခတ်ခံရသူ စစ်တပ်အငြိမ်းစားအရာရှိ ဦးရွှေဝင်းဟာ ဦးခေါင်းဖောက်ဒဏ်ရာနဲ့ စိုးရိမ်ရတဲ့အခြေအနေဖြစ်နေပြီး မြို့နယ်ကြက်ခြေနီအဖွဲ့က တပ်မတော် ကုတင် ၁၀၀ ဆေးရုံကို သယ်ဆောင်သွားတယ်လို့ ရပ်ကွက်နေလူတချို့ကပြောပါတယ်။

ပစ်ခတ်မှုအပြီးမှာတော့ ညစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဗိုလ်မင်းရောင်လမ်းနဲ့ ရာဇာဓရာဇ်လမ်းဆုံကိုပိတ်ဆို့ စစ်ဆေးတာတွေဆက်လုပ်နေတယ်လို့သိရပါတယ်။