ရေဦးမြို့နယ်အတွင်း မိုင်းရှာနေရတဲ့ပုံရိပ်တွေ

စစ်ကောင်စီက ကျေးရွာတွေထဲ စစ်ကြောင်းထိုးမီးရှို့တာတွေလုပ်ပြီးနောက် အများပြည်သူသွားလာနေထိုင်တဲ့ နေရာ တွေမှာ မိုင်းတွေထောင်ခဲ့လေ့ရှိပါတယ်။ဒါကြောင့် စစ်ကြောင်းထိုးခဲ့ပြီးနောက် စစ်တပ်ပြန်ထွက်သွား ချိန်မှာ ပြည်သူတွေဒေသထဲပြန်မဝင်မီ ဒေသကာကွယ်ရေးတပ်တွေက မိုင်းရှင်းပေးရတာဟာ စစ်ကြောင်းထိုး ခံဒေသတွေမှာ ထုံးစံတခုလိုဖြစ်လာပါတယ်။

နိုင်ငံတကာ မြေမြှုပ်မိုင်းစောင့်ကြည့်ရေး အဖွဲ့တွေရဲ့ လေ့လာစောာင့်ကြည့်မှုတွေအရ စစ်အာဏာသိမ်းပြီး နောက် နှစ်နှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းထိခိုက်သေဆုံးသူ (၅၀၀)ဝန်းကျင်အထိရှိနေတယ်လို့ ဆိုပါ တယ်။

အရင်တုန်းက မြေမြှုပ်မိုင်းအန္တရာယ်အကြောင်း၊မြေမြှုပ်မိုင်းကြောင့်ထိခိုက်သဆုံးမှုတွေပြောကြတဲ့အခါ တိုင်း ရင်းသားဒေသတွေကပုံရိပ်တွေကိုသာတွေ့ကြရတာပါ။လက်ရှိအချိန်မှာတော့ စစ်ကိုင်းအညာဒေသတွေမှာလည်း မြေမြှုပ်မိုင်းဟာ မဖြစ်မနေ ဂရုပြရတဲ့ အန္တရာယ်တခုဖြစ်လာနေပါပြီ။

အခုဖော်ပြထားတဲ့ပုံတွေကတော့ ရေဦးမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးခဲ့ပြီးနောက် မိုင်းရှင်းလင်းရေး လုပ်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင်တပ်ရင်း(၁၄)က တပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်တွေဖြစ်ပါ တယ်။

လတ်တလော ကျေးရွာအများအပြား စစ်ကြောင်းထိုးမီးရှို့ခံထားရတဲ့ ဆားလင်းကြီးမြို့နယ်မှာလည်း လမ်းပိုင်း တွေမှာ စစ်တပ်က နင်းမိုင်းတွေထောင်ထားလို့ ဒေသခံတွေအနေနဲ့ ဒေသတွင်းလမ်းတွေကိုအသုံးမပြုသေးကြဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေး ထုတ်ပြန်ထားရပါတယ်။

နင်းမိုင်းထိခိုက်လို့ ပြည်သူတဦးလည်း လက်ရှိမှာ ထိခိုက်ဒဏ်ရာရထားတယ်လို့ ဆားလင်းကြီး ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့က ပြောပါတယ်။