စစ်တပ်က စစ်ကြောင်းထိုးချိန် ခိုးယူမီးရှို့တာတွေကြောင့် ရိတ်သိမ်းပြီးစပါးတွေကို လျှို့ဝှက်သိမ်းဆည်းနေရ

စစ်ကောင်စီတပ်တွေက ကျေးရွာတွေထဲ စစ်ကြောင်းထိုးချိန်မှာ နေအိမ်တွေကို မီးရှို့တဲ့အပြင် ရိက္ခာတွေကို လည်း ခိုးယူတာ၊မီးရှို့ဖျက်ဆီးတာတွေကြောင့် ရိတ်သိမ်းပြီးစပါးတွေကို လုံခြုံရာနေရာမှာ လျှို့ဝှက်သိမ်း ဆည်းနေရတယ် လို့ စစ်ကိုင်းတိုင်းဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးချိန်မှာ ဒေသခံတွေရိတ်သိမ်းကာ သိမ်းဆည်းထားတဲ့ စပါးကျီ တွေကို ဖောက်ထွင်းသယ်ယူတဲ့အပြင် မသယ်နိုင်ရင်လည်း မီးရှို့ဖျက်ဆီးခဲ့လေ့ရှိတယ်လို့ ခင်ဦးဒေသခံတဦးက ပြောပါတယ်။

“ဒါ​ကြောင့် ​ဒေသခံ​တောင်သူ​တွေက ရိတ်သိမ်းထားပြီးတဲ့ စပါး​တွေကို လက်ရှိ​ပေါက်​စျေးနဲ့ ဖြစ်သလို ​ရောင်းချ​နေရသလို မ​ရောင်းချင်တဲ့​တောင်သူက​တော့ အခြားလုံခြုံမယ့်​နေရာမှာ သွားဝှက်ထားရတယ်”လို့ ခင်ဦးဒေသခံ စစ်​ဘေး​ရှောင် ​တောင်သူတစ်ဦးက DNA ကို ​ပြောပါတယ်။

ခင်ဦးမြို့နယ်ဟာ ​ရွှေဘိုခရိုင်အတွင်းတည်ရှိပြီး မြန်မာနိုင်ငံမှာ အရည်အ​သွေးအ​ကောင်းဆုံးပြည်တွင်း ဆန် စပါး အဖြစ်သတ်မှတ်ထားကြတဲ့ ​ရွှေဘို​ပေါ်ဆန်း​မွှေးဆန်ကို အဓိက စိုက်ပျိုးကြတယ်လို့ သိရပါ တယ်။

လက်ရှိဒေသတွင်းပေါက်ဈေးအရ ရွှေဘိုပေါ်ဆန်မွှေး ဆန်အသစ်တအိတ် ကျပ် ခြောက်သောင်းကျော်ရှိပြီး စပါး ကတော့ တင်းတရာကို ကျပ်(၁၈)သိန်းလောက်အထိ ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။အဲ့ဒီလို ဈေး ကောင်းတာကြောင့် ရွာတွေထဲ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေက ရိတ်သိမ်းထားတဲ့ စပါးတွေကိုပါ ယူကြ တာဖြစ် တယ်လို့ ဆိုပါတယ်။

ခင်ဦးမြို့နယ်အပါအဝင် စစ်တပ်က စစ်ကြောင်းထိုး ရွာမီးရှို့ခဲ့တဲ့ ဒေသအသီးသီးမှာလည်း စပါး၊ဆန်တွေနဲ့ သီးနှံ ရိက္ခာ တွေကို မီးရှို့ဖျက်ဆီးတာ၊ယာဉ်တွေနဲ့တိုက်ယူသွားတာတွေကို စစ်တပ်နဲ့ ပျူစောထီးတွေကလုပ် လေ့ရှိပါ တယ်။

စစ်ကောင်စီက မီးရှို့ဖျက်ဆီးတာနဲ့ လုယက်ခိုးယူသွားတာတွေကြောင့် ပျက်စီးဆုံးရှုံးရတဲ့ စပါးနဲ့ တခြား ရိက္ခာ ပမာဏကို မသိနိုင်ပေမယ့် တရွာတည်းကနေ စပါးတင်းပေါင်း ထောင်၊သောင်းချီ မီးရှို့ဖျက်ဆီးခံရတဲ့ ရွာတွေ အများအပြားရှိနေပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ဒေသတွေအတွင်း စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေက စပါးရိတ်တဲ့ ဒေသခံတွေကို ပစ်ခတ်တိုက်ခိုက်တာတွေလည်း လုပ်လေ့ရှိပါတယ်။

ခင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က စစ်​ကြောင်းထိုးမီးရှို့မှု​တွေ ဆက်လက်ပြုလုပ်​နေတာ​ကြောင့် ​ဒေသခံ ပြည် သူ​အများအပြား ထွက်​ပြေးတိမ်း​ရှောင်​နေရဆဲဖြစ်သလိုရွာပေါင်း ခြောက်ဆယ်ကျော်က နေအိမ်(၂၅၀၀) ကျော် မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအပါအဝင် လူဦးရေ (၂၅၀)ကျော်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။