MOU အလုပ်သမားတွေကို အထူးအစီအစဉ်နဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာကို ရပ်ဆိုင်းတော့မယ်

နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့အစီအစဉ်ကို ယာယီရပ်နားပြီးတဲ့နောက် ပြည်ပကိုအလုပ်သွားလုပ်မယ့်MOU လုပ်သားတွေကို အထူးအစီအစဉ်အနေနဲ့ နိုင်ငံကူးလက်မှတ်တွေဆက်ထုတ်ပေးနေတဲ့အစီအစဉ်ကိုလာမယ့် ဇန်နဝါရီ ၁၇ရက်ကစပြီးရပ်ဆိုင်းတော့မယ်လို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ဆီကသိရပါတယ်။
“ဘာတွေမှန်းမသိဘူး။အခုတော့အကုန်လုပ်မရတော့ဘူး။ပြည်ပထွက်ဖို့လမ်းကြောင်းပိတ်ကုန်ပြီ။
အေဂျင်စီတွေလည်းဘာဆက်လုပ်ရမှန်းမသိတော့ဘူး”လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ရဲ့ ဒီကနေ့ ဇန်နဝါရီ ၁၆ ရက်ထုတ်ပြန်ချက်မှာတော့ ပြည်ပအလုပ်အကိုင်အေဂျင်စီအားလုံးကို အထူးအစီစဥ်နဲ့နိူင်ငံကူးလက်မှတ်လျှောက်ထားမူယာယီရပ်နားကြောင်းဖော်ပြထားပါတယ်။
လက်ရှိမှာပြည်ပကိုအလုပ်သမားစေလွှတ်ခွင့်အေဂျင်စီလိုင်စင်ရထားတဲ့ကုမ္ပဏီ၃၀၀ နီးပါးရှိနေတာဖြစ်ပါတယ်။
သူတို့ဟာ ၂၀၂၀ COVID-19ကပ်ရောဂါကာလမှာအလုပ်သမားစေလွှတ်မူရပ်နားခဲ့ရပြီး ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကမှပြန်လည်စေလွှတ်ခွင့်ရရှိထားတာဖြစ်ပါတယ်။
ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက နိုင်ငံကူးလက်မှတ်ထုတ်ယူမှုပုံစံတွေကိုစစ်ကောင်စီက အွန်လိုင်းစနစ်နဲ့ပြောင်းလဲခဲ့သလို နိုင်ငံကူးလက်မှတ်ရဖို့ သိန်းချီပေးရတဲ့အထိဖြစ်ခဲ့ပါတယ်။
လက်ရှိမှာလည်းပြည်တွင်းအလုပ်အကိုင်ရှားပါးမူကြောင့်ပြည်ပသွားရောက်လုပ်ကိုင်လိုသူတွေမြင့်တက်နေချိန်မှာ နိူင်ငံကူးလက်မှတ်ထုတ်ပေးမူကိုစစ်ကောင်စီက ပုံစံအမျိုးမျိုးနဲ့ထိန်းချုပ်နေတယ်လို့လည်း နိုင်ငံကူးလက်မှတ်ထုတ်ယူလိုသူတွေကဆိုကြပါတယ်။