လွိုင်လင်လေးမှာ နေအိမ်ပေါ် လက်နက်ကြီးကျလို့ မိသားစုဝင်သုံးဦးဒဏ်ရာရ၊တဦးပြင်းထန်

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးကျေးရွာမှာ ဇန်နဝါရီ (၁၅)ရက် ညနေ သုံးနာရီဝန်း ကျင် က နေအိမ်ပေါ်လက်နက်ကြီးကျည်ကျလို့ မိသားစုဝင်သုံးဦးဒဏ်ရာရပြီး အမျိုးသားတဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ရွှေလွိုင်ကော်ပရဟိအသင်းဆီက သိရပါတယ်။

နေအိမ်ပေါ်ကို လက်နက်ကြီးကျည်ကျတာကြောင့် တအိမ်တည်းက လွိုင်လင်လေးဒေသခံ မိသားစုဝ င်တွေ ဖြစ်တဲ့ ဦးကျော်ဝင်း၊ဒေါ်မေဇင်ညွန့်နဲ့ မသန်းသန်းစိုးတို့ သုံးဦးထိခိုက်ဒဏ်ရာတွေရခဲ့တာဖြစ်ပြီး အသက် (၅၄)နှစ်အရွယ် ဦးကျော်ဝင်းက ညာဖက်လက်မောင်းပွင့်ထွက်၊ ဘယ်ခြေချောင်းနှစ်ချောင်းပြတ်ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။

အမျိုးသမီးနှစ်ဦးကတော့ ယမ်းစထိမှန်ဒဏ်ရာတွေသာရပြီး မစိုးရိမ်ရဘူးလို့ ရွှေလွိုင်ကော်ပရဟိတ အသင်း က ထုတ်ပြန်ထားပါတယ်။နေအိမ်ပေါ်ကျလာတဲ့ လက်နက်ကြီးကျည်ဟာ စစ်ကောင်စီဘက်က ပစ်ခတ်တာ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကယားပြည်နယ်နေ့ပွဲတော်ကို မနေ့ကလွိုင်ကော်မြို့၊မြို့တော်ခန်းမထဲမှာ ကျင်းပချိန် ဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက် ခံခဲ့ရပြီးနောက် စစ်ကောင်စီဘက်က လွိုင်ကော်မြို့တဝိုက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အခုလို နေအိမ်ပေါ်လက်နက်ကြီးကျည်တာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

စစ်ကောင်စီက အဲ့ဒီလို လက်နက်ကြီးနဲ့ပစ်တာအပြင် လွိုင်ကော်မြို့တဝိုက်မှာ အပြန်အလှန်ပစ်ခတ်မှု တွေလည်းရှိခဲ့ပြီး လေကြောင်းအန္တရာယ်လည်းရှိတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာတွေမှာ တိမ်း ရှောင်နေကြတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
“ခုကရှောင်နေရတယ်ပေါ့ အဲ့ နားကရွာတွေကရောဘူးခိုးနားတို့ကုန်းစွပ်တို့အကုန်ရှောင်နေရတယ်၊ နီးစပ်ရာ တွေကိုရှောင်နေရတယ်ဒီနေ့မနက်တော့တိုက်ပွဲမဖြစ်ဖူးလေယာဥ်တော့ဝဲနေတယ်၊ဒေသခံသုံးဦးကတော့လွိုင်ကော်ဆေးရုံမှာပဲကုနေရတယ် “လို့ သူကပြောပါတယ်။

ဒါ့အပြင်စစ်ကောင်စီတပ်တွေကလွိုင်ကော်မြို့ပေါ်မှာတင်းတင်းကျပ်ကျပ်စစ်ဆေးတာတွေလုပ်နေသလိုညနေသုံးနာရီနောက်ပိုင်းအပြင်မထွက်ရဘူးဆိုတဲ့သတင်းတွေထွက်နေတာကြောင့် ဒေသခံတွေ စိုးရိမ် နေကြတယ်လို့ဆိုပါတယ်။

Photo – ရွှေလွိုင်ကော်ပရဟိတအသင်း